ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာ့ခ်မြို့အဝင်တွင် ယနေ့ ဇူ လိုင်လ (၂၀) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားများ လို က်ပါလာသည့် ပစ်ကပ်ကားနှင့် ကုန်တင်ကား တိုက်မိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအ ရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ယနေ့နံနက် (၃) နာရီကျော်ခန့်က ထိုင်းနိုင်ငံသားမောင်းနှင်ကာ မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကားသည် တာ့ခ်မြို့အဝင် မီးပွိုင့်အရောက် တစ်ဖက်မှမောင်းနှင်လာသည့် ကုန်တင်ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။
“ဖြစ်စဥ်ကို ကျွန်တော်တို့ သိသိချင်း လိုအပ်တဲ့ကူညီပေးတာတွေလုပ်နေပါတယ်။ ပစ်ကပ်ကားပေါ် ပါလာတဲ့ မြန် မာနိုင်ငံသားတွေက ထိုင်းမှာအလုပ်လုပ်ဖို့ တရားမဝင် ဝင်လာတာလို့ သိထားပါတယ်။ တရားဝင်လာသည်ဖြစ်စေ၊ တရားမဝင်လာသည်ဖြစ်စေ သေဆုံးသူတွေ ထိခိုက်ဒဏ်ရာရသူတွေအတွက် နစ်နာကြေးရအောင် အစွမ်းကုန် ကူညီပေးသွားမှာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဥ်ကြောင့် ပစ်ကပ်ကားမောင်းသူနှင့် မြန်မာနိုင်ငံသား (၄) ဦး (စုစုပေါင်း ၅ ဦး)မှာ ထိခိုက်ဒဏ်ရာများရရှိ ကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၄) ဦးတို့တွင်လ ည်း စိုးရိမ်ရနှင့် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ တာ့ခ်မြို့မှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသားများအား တာ့ခ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“တာဝန်ရှိတဲ့ တာ့ခ်ခရိုင်က ရဲတပ်ဖွဲနဲ့ပေါင်းပြီး အခုလိုတရားမဝင်ဝင်လာအောင် ပိုက်ဆံယူပြီး ပို့ပေးနေတဲ့အဖွဲ့တွေ လူတွေကို ဖမ်းဆီးရမိဖို့လုပ် ဆောင်သွားပါမယ်။ လိုအပ်တာ မှန်သမျှကိုကူညီပေးသွားမယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။


