ထိုင်းနိုင်ငံ၌ ရပ်ရွာလူမှုဓလေ့စရိုက်များကို လေ့လာရေးခရီးထွက်လာသူများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက Prachin Buri ပြည်နယ် Nadi ခရိုင် ကုန်းဆင်းလမ်းတစ်ခု၌ တိမ်းမှေ-ာက်ခဲ့သောကြောင့် လူ ၁၈ ဦး ေ-သဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် မဲခေါင်မြစ်ဘေး Bueng Kan ပြည်နယ်မှ Rayong ပြည်နယ်သို့ ထွက်ခွာလာသည့် လူ ၂၀၀ ခန့်ပါဝင်သော ဘတ်စ် သုံးစီးအနက်မှ တစ်စီးဖြစ်သည်။
အမှတ် ၃၀၄ အဝေးပြေးလမ်း ကီလိုမှတ်တိုင် ၂၁၀-၅၀၀ အနီးတွင် နံနက် ၃း၂၀ နာရီ၌ အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဟု Prachin Buri ပြည်နယ် လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာက သတင်းထုတ်ပြန်သည်။ ယာဉ်မောင်းသည် ကုန်းအဆင်းလမ်းပိုင်းတွင် ယာဉ်ကို မထိန်းချုပ်နိုင်ဘဲ လမ်းပေါ်မှ ပြုတ်ကျကာ ကုန်းစောင်းအောက်ခြေတွင် တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာတွင် လူ ၁၇ ဦး ေ-သဆုံးခဲ့ပြီး အခြားတစ်ဦးသည် ဆေးရုံတွင် ေ-သဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူ ၃၂ ဦးအနက် ၁၉ ဦးကို Nadi ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၁၃ ဦးကို Kabin Buri ဆေးရုံးသို့ ပို့ဆောင်ခဲ့သည်။
အခင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
Ref:ဘန်ကောက်ပို့စ်