Saturday, June 21, 2025

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...
HomeInternationalထိုင်းတွင် ​ဖော်မြူလာဝမ်း ကား​မောင်းပြိုင်ပွဲ...

ထိုင်းတွင် ​ဖော်မြူလာဝမ်း ကား​မောင်းပြိုင်ပွဲ ​ကျင်းပနိုင်ရေး ​ဆွေး​နွေး​နေ

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် ထိုင်းနိုင်ငံတွင် ​ဖော်မြူလာဝမ်းကား​မောင်းပြိုင်ပွဲအတွက် ရည်မှန်းထားသည်များကို မိုနာကိုမင်းသား ဒုတိယ​မြောက် အဲလ်ဘတ် နှင့် ယမန်​နေ့က ​တွေ့ဆုံဆွေးနွေးခဲ့သည်။

​ဖော်မြူလာဝမ်း၏ အလားအလာနှင့် ထိုင်းနိုင်ငံ၏ မော်တော်ကား​မောင်းပြိုင်ပွဲ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် မိုနာကို၏ ပံ့ပိုးကူညီမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ်က မော်တော်ကားအားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် လှုံ့ဆော်​​ပေးသည့် မိုနာကို ဂရင်းပရီအား ချီးကျူးစကား ပြောကြားခဲ့သည်။

မင်းသား အဲလ်ဘတ်က နတ်ရွာစံ​လေပြီဖြစ်သည့် ရာမ ၉ ဘုရင်အ​ကြောင်းနှင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးသည့် ၎င်း၏အတွေ့အကြုံများကို ပြန်ပြောင်းပြောပြခဲ့ကာ မကြာမီ ထိုင်းနိုင်ငံသို့ ​နောက်တ​ခေါက်အလည်လာလိုကြောင်း​ပြောပြီး ခိုင်မာသော ထိုင်း-မိုနာကို ဆက်ဆံရေးကို အားဖြည့်ပေးခဲ့သည်။

Ref:khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍ အသုတ်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ "ဆေးရရှိမှုပေါ်မူတည်ပြီးထိုးပေးပါမယ် အသုတ်လိုက်ထိုးပေးပါမယ်နော်"ဟု ကျိုက်ထိုပြည်သူကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအားလုံးကိုလည်း ၎င်းတို့တက်ရောက်နေသည့်ကျောင်းများ၌ သွားရောက်ထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။ ယခုဇွန်လအတွင်း ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲရသူအမျိုး သား၂ဦး တွေ့ရှိသည့်အနက် ၁ ဦးမှာဆေး ရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ကျန် ၁ဦးမှာ ဆေးဝါးဆက်လက် ကုသမှုခံယူနေရကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071