ဘန်ကောက်၊ဩဂုတ် ၁၈
ပြီးခဲ့သည့်ဇွန်လက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်၌ အမျိုးသမီးတစ်ဦးစက်လှေကားညှပ်၍ ခြေထောက်ဖြတ်ခဲ့ရပြီးနောက် ယခုတစ်ကြိမ်လည်း ဈေးဝယ်စင်တာတစ်ခု၌ စက်လှေကားညှပ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံပထုန်ထနီပြည်နယ်မှဈေးဝယ်စင်တာတစ်ခု၌ အသက် ၁၇ နှစ်အရွယ်ရှိကောင်လေးတစ်ဦး သည် ဩဂုတ် ၁၆ ရက်ကစက်လှေကားညှပ်ကာ ဒဏ်ရာရခဲ့ကြောင်းမီဒီယာတစ်ခု၌ဖော်ပြထားသည်။
အဆိုပါကောင်လေးသည် စက်လှေကားစီးချိန်၌ အားကစားဖိနပ်ကိုစီးထားသည်။ အောက်နားရောက်ခါနီးတွင် ခြေထောက်ညှပ်သွားခြင်းဖြစ်ပြီး စတိုးဆိုင်ဝန်ထမ်းများအကူအညီဖြင့် Rangist Medical ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ဒဏ်ရာအခြေအနေကို မီဒီယာများ၌အသေးစိတ်ဖော်ပြမထားသော်လည်း အဆိုပါဈေးဝယ်စင်တာက ဆေးကုသမှုကုန်ကျစရိတ်အားလုံးကိုကျခံမည်ဖြစ်ကြောင်း တာဝန်ရှိသူများကအတည်ပြုပြောကြားခဲ့သည်။
Source :Thaiger
