Thursday, February 12, 2026

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...

ရိုးရာစွန်​ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အနေဖြင့် ထည့်သွင်းပုံဖော်မှု ကျေနပ်အားရဖွယ်တိုးတက်အောင်မြင်လာကြောင်း...

မြန်မာနိုင်ငံလုံးဆိုင်ရာစွန်ဝါသနာရှင်များအဖွဲဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော စွန်ဖြတ်​​ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုဿန်ရှေ့ပြိုင်ပွဲကွင်းတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။ " အဖွဲ့အနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်လာတာ ၁၈ကြိမ်ရှိပြီ။ နိင်ငံတော်ကလည်း...

ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ အစ္စရေးပါမည်–နေတန်ယာဟု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစီအစဉ်တွင် အစ္စရေးနိုင်ငံပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့ ဝါရှင်တန်ခရီးစဉ်အတွင်း ထရမ့်ပ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင်...
HomeInternationalထိုင်းစာသင်ကျောင်းပ-စ်ခတ်မှုဖြစ်ပွား၊ ဆရာမတစ်ဦး ‌ေ-သဆုံး

ထိုင်းစာသင်ကျောင်းပ-စ်ခတ်မှုဖြစ်ပွား၊ ဆရာမတစ်ဦး ‌ေ-သဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း သေနတ်သမားတစ်ဦးက ဝင်ရောက်ပ-စ်ခ-တ်မှုကြောင်း ထိုကျောင်းတွင် တာဝန်ကျသည့် ဆရာမတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဆွန်ခလာပြည်နယ် ဟတ်ရိုင်ခရိုင်ရှိ ပေထောင်ပရာထန်ကီရီဝပ်ကျောင်းတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် ရဲအရာရှိတစ်ဦးထံမှ ခိုးယူလာသော သေနတ်ကိုအသုံးပြု၍ ဆရာမဖြစ်သူ ဆာစီဖတ် ဆင်ဆမ်မိုဆွန်ကို ပ-စ်ခ-တ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရဲက ၎င်းကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်တွင် ကျောင်းသူတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး သူ၏ အခြေအနေမည်သို့ရှိသည်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကျောင်း၏ ဒါရို-က်တာတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေခဲ့သော ဆာစီဖတ်ကို အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်၍ ခွဲစိတ်ကုသခဲ့သော်လည်း အတွင်းဒ-ဏ်ရာများနှင့် သွေးထွက်လွန်ခြင်းကြောင့် နံနက် ၂ နာရီခန့်တွင် ‌ေ-သဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် ကျူးလွန်သူ၏ အစ်မသည် ထိုကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ကျူးလွန်သူသည် မူးယစ်ဆေးဝါးသုံးစွဲဖူးသည့် ရာဇဝင်ရှိကာ ဒီဇင်ဘာလတွင် စိတ်ရောဂါကုဆေးရုံမှ ဆင်းခွင့်ရထားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

သေနတ်ကိုင်အကြမ်းဖက်မှုနှင့် လက်နက်ပိုင်ဆိုင်မှုသည် ထိုင်းနိုင်ငံတွင် အဆန်းတကြယ်မဟုတ်လှပေ။ ၂၀၀၂ ခုနှစ်က နိုင်ငံအရှေ့ပိုင်း နေ့ကလေးထိန်းဌာနတစ်ခုတွင် ရဲအရာရှိဟောင်းတစ်ဦး၏ သေနတ်နှင့် ဓါးကိုင် တို-က်ခို-က်မှုတစ်ခုကြောင့် ကလေး ၂၂ ဦးအပါအဝင် လူ ၃၆ ဦး ‌ေ-သဆုံးခဲ့သည်။

Ref: တီအိပ်ချ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားကြောင်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။ ပြည်ပနိုင်ငံများဖြစ်သည့် မဒါဂတ်စကား၊...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ ည ၁၀နာရီအထိ အချိန်တိုးမြှင့်

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းခွင့်ပြုထားပြီး ယခုအခါဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ မနက် ၄ နာရီမှ ည ၁၀ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း သိရသည်။ ထို့ပြင် တံတားဖြတ်သန်းခကိုလည်း ယနေ့တွင် စတင်ကောက်ခံနေပြီး ဖြတ်သန်းအသုံးပြုသူများခြင်းကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့သည်အထိ ဖြစ်ပွားခဲ့သည်။ အဆိုပါတံတားကို ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး...

ရိုးရာစွန်​ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အနေဖြင့် ထည့်သွင်းပုံဖော်မှု ကျေနပ်အားရဖွယ်တိုးတက်အောင်မြင်လာကြောင်း တာဝန်ရှိသူပြော

မြန်မာနိုင်ငံလုံးဆိုင်ရာစွန်ဝါသနာရှင်များအဖွဲဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော စွန်ဖြတ်​​ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုဿန်ရှေ့ပြိုင်ပွဲကွင်းတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။ " အဖွဲ့အနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်လာတာ ၁၈ကြိမ်ရှိပြီ။ နိင်ငံတော်ကလည်း တစ်ဘက်တစ်လမ်းထောက်ပံ့တာတော့ ရှိပါတယ်။ခုလိုလုပ်တယ်ဆိုတာလည်းအားကစားတစ်ရပ် အနေနဲ့ပုံဖော်ပြီး လုပ်ဆောင်တာပါ၊အားကစားတစ်ရပ်အနေနဲ့ ဦးတည်ကျင်းပတာ​ဖြစ်လို့ ခုဆိုတော်တော်လေးအောင်မြင်လာတာတွေ့ရပါတယ်" ဟု ပွဲကျင်းပရေးကော်မတီဝင် ဦးသန်းစိုးက ပြောသည်။ အဆိုပါပြိုင်ပွဲကို လေသာမိုးသာဖြစ်မည့်လမှသာ ရွေးချယ်ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရက်ရွေးချယ်ကျင်းပခဲ့​​​ခြင်းဖြစ်​ကာ ​ပြိုင်ပွဲရက်အဖြင့် ၄ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိ စွန်ဝါသရှင်အဖွဲ့ပေါင်း ၃၀၀ ကျော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071