Thursday, May 14, 2026

Build-Smart & Biggest Myanmar...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ...

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန်...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့...
HomeInternationalထိုင်ဝမ်အရေး ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး...

ထိုင်ဝမ်အရေး ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး အချေအတင်ဖြစ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် သောကြာနေ့တွင် စကားအချေအတင်ဖြစ်ခဲ့ပြီး ပေကျင်း၏ အတင်းအကြပ်လုပ်ရပ်များအပေါ် ထရမ့်ပ်၏ ထိပ်တန်းသံတမန်က ရှုတ်ချခဲ့သည်။

ထရမ့်ပ်၏ အစိုးရသည် အမေရိကန်အကျိုးစီးပွားများကို တိုးတက်စေပြီး အမေရိကန်ပြည်သူများကို ပထမဦးစားပေးသောမူဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံသွားလိမ့်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတွင် ရူဘီယိုက ဝမ်ကို ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောကြားသည်။

ဒေသတွင်းရှိ ၎င်း၏ မဟာမိတ်များအပေါ် အမေရိကန်၏ ကတိကဝတ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားသကဲ့သို့ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ဒေသတွင် တရုတ်နိုင်ငံ၏ အကျပ်ကိုင်သောလုပ်ဆောင်ချက်များကို အလွန်စိုးရိမ်ကြောင်းပြောခဲ့သည်ဟု သူက ဆက်လက်ပြောကြားသည်။

တရုတ်ပိုင်နက်တစ်ခုဖြစ်ပြီး လိုအပ်ပါက အင်အားသုံး၍ပေါင်းစည်းစေရနိုင်သည်ဟု ဆိုထားသော ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဝမ်က ရူဘီယိုကို တုန့်ပြန်သတိပေးပြောဆိုခဲ့သည်။

ထိုင်ဝမ်က တရုတ်နိုင်ငံမှ ခွဲထွက်ခြင်းကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ဝါရှင်တန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုထားသော ကတိကဝတ်ကို ဖောက်ဖျက်၍မရကြောင်း ဝမ်က ရူဘီယိုကို ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်းအနေဖြင့် တရုတ်နှင့် အမေရိကန်ပြည်သူများ၏ အနာဂတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းလည်း ဝမ်က ပြောဆိုခဲ့သည်။

၎င်းတို့နှစ်ဦးအကြား ဖုန်းခေါ်ဆိုမှုတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီးနှစ်နိုင်ငံအနေဖြင့် ခေတ်သစ်တွင် အတူတကွလျှောက်လှမ်းရန် နည်းလမ်းမှန်ကို ရှာဖွေသင့်သည်ဟုလည်း ဝမ်က ရူဘီယိုကို ပြောဆိုခဲ့သည်။

Ref: ဖရန့်စ် 24

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲ ရန်ကုန်မြို့၌ ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူအတွက် ပထမရက် ၁၀၀...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို စောင့်ရှောက်ထား

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင်  ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ  ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071