Saturday, June 21, 2025

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...
HomeInternationalထိုင်ဝမ်အတွက်အမေရိက၏စစ်ရေးအကူအညီက ပြည်မကို ထိုင်ဝမ်နှင့်...

ထိုင်ဝမ်အတွက်အမေရိက၏စစ်ရေးအကူအညီက ပြည်မကို ထိုင်ဝမ်နှင့် ပေါင်းစည်းလိုသောဆန္ဒအား တားနိုင်မည်မဟုတ်ဟုတရုတ်ဆို

တိုင်ပေ၊ဇူလိုင် ၃၀

အမေရိကန်နိုင်ငံက ထိုင်ဝမ်အတွက် ကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအကူအညီပေးမည့်အစီအစဉ်အား ကြေငြာလိုက်သဖြင့် အမေရိကသည်ထိုင်ဝမ်အား ခဲယမ်းမီးကျောက်သိုလှောင်ရာနေရာတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်ဟု တရုတ်နိုင်ငံကစွပ်စွဲခဲ့သည်။

ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားသော တရုတ်သည် အမေရိကန်၏ စစ်ရေးထောက်ပံ့မှုအပေါ် ဆန့်ကျင်သည့် ကြေငြာချက်တစ်ခုကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

“ထိုင်ဝမ်ခွဲထွက်ရေးသမားတွေက ပြည်သူတွေဆီကအခွန်တွေနဲ့ ဘယ်လောက်ပဲစစ်သုံးစရိတ်တိုးတိုး၊အမေရိက ကဘယ်လောက်ပဲကူညီကူညီ ကျွန်ုပ်တို့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ထိုင်ဝမ်နဲ့တရုတ်ပြည်မကိုပေါင်းစည်းမဲ့ ဆန္ဒကိုအဟန့်အတားမပြုနိုင်ပါဘူး” ဟု တရုတ် – ထိုင်ဝမ်ရေးရာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှအချိန်မရွေးပြုလုပ်လာနိုင်သည့် ရန်စကျူးကျော်မှုများအား ဟန့်တားနိုင်ရန် ထိုင်ဝမ်အတွက် ကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီကိုပေးမည်ဟု အမေရိကန်က သောကြာနေ့ကတရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိက၏အကူအညီအတွက် အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ထိုင်ဝမ်နှင့်အမေရိကတို့အနေဖြင့် ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရှိရေးကို ထိန်းသိမ်းနိုင်ရန် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်ပြည်တွင်းစစ်၌ တရုတ်ပြည်မကြီးမှခွဲထွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတရုတ်သမ္မတရှီကျင့်ဖျင်ကမူ တရုတ်ပြည်မကြီးအနေဖြင့် ထိုင်ဝမ်အား ပြည်မကြီး၏အုပ်ချုပ်မှုအောက် အချိန်မရွေးသွတ်သွင်းခွင့်ရှိသည်ဟုလည်းဆိုထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်းကလည်း တရုတ်စစ်တပ်သည် ထိုင်ဝမ်နှင့်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် ကျွန်းကိုပိတ်ဆို့ခြင်းများအားအသွင်ယူလေ့ကျင့်ခဲ့သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍ အသုတ်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ "ဆေးရရှိမှုပေါ်မူတည်ပြီးထိုးပေးပါမယ် အသုတ်လိုက်ထိုးပေးပါမယ်နော်"ဟု ကျိုက်ထိုပြည်သူကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအားလုံးကိုလည်း ၎င်းတို့တက်ရောက်နေသည့်ကျောင်းများ၌ သွားရောက်ထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။ ယခုဇွန်လအတွင်း ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲရသူအမျိုး သား၂ဦး တွေ့ရှိသည့်အနက် ၁ ဦးမှာဆေး ရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ကျန် ၁ဦးမှာ ဆေးဝါးဆက်လက် ကုသမှုခံယူနေရကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071