Monday, May 19, 2025

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...
HomeInternationalထိုင်ဝမ်ခရီးစဉ်ကြောင့် လစ်သူယေးနီးယား ဒုဝန်ကြီးအား...

ထိုင်ဝမ်ခရီးစဉ်ကြောင့် လစ်သူယေးနီးယား ဒုဝန်ကြီးအား တရုတ်ကဒဏ်ခတ်ပိတ်ဆို့

ထိုင်ဝမ်ခရီးစဉ်ကြောင့် လစ်သူယေးနီးယား ဒုဝန်ကြီးအား တရုတ်ကဒဏ်ခတ်ပိတ်ဆို့

ပေကျင်း၊ဩဂုတ် ‌၁၃

 

ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး အေနင်ဗာဆယ်ကဗချီတာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

 

ဆက်လက်၍လည်း လစ်သူယေးနီးယား ဝန်ကြီး ဗာဆယ်ကဗချီတာ၏ဝန်ကြီးဌာနနှင့်လက်တွဲဆောင်ရွက်မည့် ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီမှုအားလုံးကိုလည်း တရုတ်နိုင်ငံဘက်မှ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာခဲ့သည်။

 

လစ်သူယေးနီးယားနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်မူ တရုတ်နိုင်ငံ၏ကြေငြာချက်အတွက်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

 

“ယခုလုပ်ရပ်သည် ပေကျင်းအနေဖြင့် (အီးယူ) အဖွဲ့ဝင်နိုင်ငံအပေါ် ဥပဒေနှင့်မညီ‌သော လုပ်ရပ်များဆက်လက်အရှိန်မြှင့်လုပ်ဆောင်ရန် ရွေးချယ်လိုက်ခြင်းပင်ဖြစ်သည်” ဟု လစ်သူယေးနီးယား ဝန်ကြီးဌာနကရိုက်တာ သို့‌ပေးပို့သည့်ကြေညာချက်တွင်ဖော်ပြထားသည်။

 

“ဒါဟာတရုတ်နိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဆက်ဆံရေးတိုးတက်မှုကို ပျက်စီးစေရုံသာမက၊ ကမ္ဘာ့စီးပွားရေးအတိုးတက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ထိုင်ဝမ်နှင့် အပြန်အလှန်အကျိုးရှိစေမည့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားမဖြစ်စေရေးဟူသည့် ပေကျင်း၏ကိုယ်ပိုင်မူဝါဒကိုပါ ပြောင်းပြန်လှန်လိုက်ခြင်းပင်ဖြစ်သည်” ဟုဆိုသည်။

 

လစ်သူယေးနီးယား၏ မကြာသေးမီက ထိုင်ဝမ်နှင့် ဆက်ဆံရေးအားကောင်းလာမှုက ပေကျင်းကိုဒေါသအမျက်‌ေချာင်း‌ေချာင်းထွက်စေခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ လစ်သူယေးနီးယားကုန်တင်ပို့မှုကို လုံးဝမရှိတော့သလောက်နီးပါးအထိ ကျဆင်းသွားစေခဲ့သည်။

 

လစ်သူယေးနီးယားဝန်ကြီး ဗာဆယ်ကဗချီတာကမူ၎င်းသည် ထိုင်ဝမ်ရှိမြို့သုံးမြို့နှင့် ဆိပ်ကမ်းနှစ်ခုသို့သွားရောက်ခဲ့ပြီး ငါးရက်တာခရီးစဥ်အတွင်း အစည်းအဝေး ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သောကြာနေ့ကတွစ်တာတွင်ရေးသားခဲ့သည်။

 

ထပ်မံ၍လည်း “ထိုင်ဝမ်ကိုသွားခဲ့တဲ့ တစ်ပတ်အတွင်း အင်မတန်အကျိုးရှိခဲ့ပါတယ်၊ထိုင်ဝမ်ရေကြောင်းပို့ဆောင်ရေး၊ သင်္ဘော၊လေကြောင်းကုမ္ပဏီများနှင့် လစ်သူယေးနီးယား သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းသစ်များကိုလည်း ရှာဖွေနေပါတယ်” ဟု တွစ်တာတွင်ရေးသားခဲ့သည်။ထိုသို့ရေးသားရာတွင် ထိုင်ဝမ်အစား (TW) ဟုလည်းကောင်း၊ လစ်သူယေးနီးယားအစား (LT) ဟုလည်းကောင်း အတိုကောက်စကားလုံးများကိုသာသုံးစွဲခဲ့သည်။

 

လစ်သူယေးနီးယားနိုင်ငံ၏ စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဒုဝန်ကြီး ရိုဗိုက်တာ နိုပရှီရန်နယ် သည် ဇွန်လကတိုင်ပေသို့ သွားရောက်လည်ပတ်ခဲ့စဉ်ကလည်း လစ်သူယေးနီးယားအနေဖြင့် စက်တင်ဘာလ၌ ထိုင်ဝမ်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 

လစ်သူယေးနီးယားသည် ထိုင်ဝမ်အမည်ဖြင့် ၎င်း၏မြို့တော် ဗေးနီးယက်စ်တွင် သံရုံးဖွင့်လှစ်ခွင့်ပြုရန် ယမန်နှစ်ကဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန်လည်း တရုတ်၏ဖိအားပေးခြင်းကိုခံနေရသည်။တရုတ်သည် လစ်သူယေးနီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို လျှော့ချခဲ့ပြီး ၎င်းနှင့် ဆက်ဆံရေးဖြတ်တောက်ရန်လည်း ကျန်နိုင်ငံပေါင်းစုံကို ဖိအားပေးခဲ့သည်။

ဇန်နဝါရီလကလည်း ဥရောပသမဂ္ဂသည် တရုတ်အနေဖြင့် လစ်သူယေးနီးယားအပေါ် ကုန်သွယ်မှုကျင့်ထုံးများကို ဖောက်ဖျက်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဈေးကွက်ခိုင်မာမှုကို ခြိမ်းခြောက်နေခဲ့သည်ဟုစွပ်စွဲခဲ့ပြီး စိန်ခေါ်မှုတစ်ရပ်ကိုစတင်ခဲ့သည်။

တရုတ်နိုင်ငံသည် WTO ၏စည်းမျဉ်းများကို အမြဲလိုက်နာခဲ့ပြီး ယခုလစ်သူယေးနီးယားပြဿနာသည် နိုင်ငံရေးသဘောသဘာဝအရဖြစ်ပြီး စီးပွားရေးနှင့်မဆိုင်ဟုပြောကြားခဲ့သည်။

 

Source – Reuters/nh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သက်တမ်း ၁၄၂ နှစ်ရှိ တံတားကြီးသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့သော်လည်း သင်္ဘောပေါ်ပါ ၁၉ ဦးသည် ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု နူးယော့ခ် မြို့တော်ဝန် အဲရစ် အဒမ်စ်က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် လူလေးဦးအနက် နှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု အဒမ်စ်က တနင်္ဂနွေနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။ သင်္ဘောတို-က်မိရသည့်...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ လက်ရှိတွင် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂၈)ခုကို သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်အရ အမည်စာရင်းပါရှိသည့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၂၈) ခုအနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်များကို မေလ (၃၁)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071