Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeCelebrities' Newsထားခဲ့ရက်သူတွေကို မေတ္တာထားနိုင်အောင် ကြိုးစားနေတဲ့...

ထားခဲ့ရက်သူတွေကို မေတ္တာထားနိုင်အောင် ကြိုးစားနေတဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်း

မကြီးစန်းရယ်လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ လက်ရှိမှာ သရုပ်ဆောင် တစ်ဦးအဖြစ် ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ ‘ကျားကျားကြိုက်ကြိုက်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်ဖြစ်ကြောင်းနဲ့ သရုပ်ဆောင်မှု အပိုင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ပရိုဂျူဆာက မကြီးကို ဒီဇာတ်ကားမှာ ပါဝင်ကူညီဖို့ ဖိတ်ခေါ်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ။ ပုံစံကတော့ အပြင်က ခင်စန်းဝင်းပါပဲ။ ဟာသကားဆိုတော့ နည်းနည်းရယ်စရာလေးတွေ လုပ်ရမှာပေါ့။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး ကြိုတင်ပြီး လေ့ကျင့်ရတာမျိုးတော့ မရှိပါဘူး။ ကိုပြည်ဟိန်းသီဟက ရိုက်ကွင်းပေါ်ရောက်မှ ဒိုင်ယာလော့ချပေးတဲ့အပေါ် ကိုယ်အိုက်တင်လုပ်လိုက်တာဘဲ။ အဝတ်စားပိုင်းကလည်း မကြီး အပြင်မှာ ဝတ်တဲ့အတိုင်းပေါ့ ပေါ့ပေါ့ပါးပါးပါပဲ။ ဒီဇာတ်ကားကတော့ ပရိသတ်ကို ဘယ်လို အသိပညာပေးမလဲတော့ မသိဘူး။ ဒါပေမယ့် ရယ်တော့ ရယ်ရမှာ။ မကြီးတို့ ရိုက်နေရင်းနဲ့ကို ရယ်နေရတာ ဆိုတော့လေ။ ဒီဇာတ်ကားကို လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ ဘဝအမောတွေ ပြေစေမယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မိတ်ကပ်ပညာရှင် တစ်ယောက်အနေနဲ့ သရုပ်ဆောင် လုပ်တဲ့အခါမှာ ဝေဖန်မှုတချို့နဲ့ ပတ်သက်ပြီးလည်း . . .

“ပရိသတ်ထဲမှာ ပရိသတ်အမျိုးမျိုး ရှိတာပေါ့နော်။ ပြီးတော့ မကြီးတို့ကို အားပေးတဲ့သူ ရှိသလို ဝေဖန်တဲ့သူ ရှုံ့ချတဲ့သူတွေလည်း ရှိတယ်။ ဝေဖန် ရှုံ့ချတဲ့သူတွေကတော့ မကြီးတို့မှ မဟုတ်ဘူး။ နာမည်ကြီးတဲ့ အကယ်ဒမီ မင်းသား၊ မင်းသမီးတွေကိုတောင်မှ သူတို့အမြင်နဲ့ ကြည့်ပြီးတော့ ဝေဖန်တာမျိုး ရှုံ့ချတာမျိုး အပြစ်တင်တာမျိုးတွေ ရှိကြတာဆိုတော့ မကြီးတို့လို အနေအထားလောက်ကတော့ ဘာမှ ပြောစရာ မလိုပါဘူး။ ဒါတွေကို သွားတားဆီးလို့ မရသလို စိတ်ဆိုးလို့လည်း မရပါဘူး။ တစ်ဘက်မှာလည်း ကိုယ်တွေကို အားပေးတဲ့သူတွေ ရှိတယ်လေ။ အဲ့ဒီ့တော့ မကြီးတို့ ချစ်တဲ့ ပရိသတ်ရော မုန်းတဲ့ပရိသတ်အတွက်ရော ရှင်သန်လှုပ်ရှားနေရဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ရာ “မကြီးအချစ်ရေးကတော့ အခုလက်ရှိ တစ်ယောက်တည်းပါပဲ။ မကြီးကို ချစ်တဲ့သူတွေကလေ တကယ်တမ်းကျတော့ ယောက်ျားလေး သဘာဝအရ သာ ဖြတ်သွားတာပါ။ သူတို့ မကြီးအပေါ်မှာ မေတ္တာလည်းရှိတယ်။ ချစ်လည်း ချစ်ကြတယ်။ မကြီးနဲ့ တွေ့သူတွေ လူကောင်းလေးတွေများတယ်။ မိုက်မိုက်ရိုင်းရိုင်းထဲမှာ မပါတဲ့အခါကျတော့ မကြီး ကံကောင်းပါတယ်။ အဲ့ဒီတော့ သူတို့ကိုယ့်အပေါ် ကောင်းခဲ့တာလေးကိုငဲ့ပြီးတော့ မကြီးမေတ္တာထားနိုင်အောင် ကြိုးစားပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071