Sunday, June 22, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့်...

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...
HomeNewsLocal Newsထာဝရငြိမ်းချမ်းရေးနှင့်စပ်လျဉ်းပြီး ဘာသာရေးအဖွဲ့အစည်း၂ခုက သဘောထားထုတ်ပြန်

ထာဝရငြိမ်းချမ်းရေးနှင့်စပ်လျဉ်းပြီး ဘာသာရေးအဖွဲ့အစည်း၂ခုက သဘောထားထုတ်ပြန်

ထာဝရငြိမ်းချမ်းရေးနှင့်စပ်လျဉ်းပြီး ဘာသာရေးအဖွဲ့အစည်း၂ခုက သဘောထားထုတ်ပြန်

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့က မေတ္တာရပ်ခံပန်ကြားစာလွှာနှင့် သဘောထားကြေညာချက်တို့အား အသီးသီးထုတ်ပြန်ခဲ့ကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စည်ကား သိုက်မြိုက်စွာကျင်းပမည့် “စိန်ရတု” ပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန် နှင့် တက်ရောက်စဉ်ကာလအတွင်းထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ သတင်းစာ၌ နေ့စဉ် ထုတ်ပြန်ကြေညာပေးခဲ့သည်ကို တွေ့မြင်ခဲ့ရသည့်အကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဘာသာအသီးသီးကိုယုံကြည်ကိုးကွယ်ကြသော ဘာသာဝင် ညီအစ်ကိုမောင်နှမ များတို့သည်လည်း ပြည်ထောင်စုကြီး “ထာဝရငြိမ်းချမ်းရေးရရှိစေရန်” အလွန်မျှော်လင့်စောင့်စား လျက်ရှိနေကြသည့်အကြောင်းနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင် သက်ဆိုင်သူ ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ် ပန်ကြားပါကြောင်း ဆိုထားသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကကြေညာချက်အမှတ် ၁/၂၀၂၂ ဖြင့် စိန်ရတုပြည်ထောင်စုနေ့နှင့်ကြုံကြိုက်သည့်အခါသမယတွင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားထားခြင်း၊ ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍ ကန့်သတ်ချက်မထားဘဲ လွတ်လွတ် လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားခြင်းသည် မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်သည့်အကြောင်း သဘောထားထုတ်ပြန်ထားသည်။

Zaw Gyi

ထာဝရၿငိမ္းခ်မ္းေရးႏွင့္စပ္လ်ဥ္းၿပီး ဘာသာေရးအဖြဲ႕အစည္း၂ခုက သေဘာထားထုတ္ျပန္

ျမန္မာႏိုင္ငံ၏ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ စပ္လ်ဥ္းၿပီး ျမန္မာႏိုင္ငံခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီႏွင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရးအဖြဲ႕ခ်ဳပ္တို႔က ေမတၱာရပ္ခံပန္ၾကားစာလႊာႏွင့္ သေဘာထားေၾကညာခ်က္တို႔အား အသီးသီးထုတ္ျပန္ခဲ့ၾကသည္ကိုေတြ႕ရသည္။

ျမန္မာႏိုင္ငံခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီက ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ စည္ကား သိုက္ၿမိဳက္စြာက်င္းပမည့္ “စိန္ရတု” ျပည္ေထာင္စုေန႔အခမ္းအနားသို႔ အခ်ိန္မီတက္ေရာက္ၾကပါရန္ ႏွင့္ တက္ေရာက္စဥ္ကာလအတြင္းထာဝရၿငိမ္းခ်မ္းေရးအႀကိဳ ညႇိႏႈိင္းေဆြးေႏြးပြဲသို႔တက္ေရာက္ၾကပါရန္ အထူးဖိတ္ၾကားအပ္ပါေၾကာင္းကို ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွစ၍ သတင္းစာ၌ ေန႔စဥ္ ထုတ္ျပန္ေၾကညာေပးခဲ့သည္ကို ေတြ႕ျမင္ခဲ့ရသည့္အေၾကာင္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္း မွီတင္းေနထိုင္ၾကေသာ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ား ဘာသာအသီးသီးကိုယုံၾကည္ကိုးကြယ္ၾကေသာ ဘာသာဝင္ ညီအစ္ကိုေမာင္ႏွမ မ်ားတို႔သည္လည္း ျပည္ေထာင္စုႀကီး “ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္” အလြန္ေမွ်ာ္လင့္ေစာင့္စား လ်က္ရွိေနၾကသည့္အေၾကာင္းႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အားထုတ္ႀကိဳးပမ္းျခင္းကိစၥမ်ားတြင္ သက္ဆိုင္သူ ေခါင္းေဆာင္မ်ားအားလုံး ပါဝင္လုပ္ေဆာင္ၾကပါရန္ ဘုရားသခင္၏ ေမတၱာအားျဖင့္ အႏူးအၫြတ္ ပန္ၾကားပါေၾကာင္း ဆိုထားသည္။

အလားတူ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရးအဖြဲ႕ခ်ဳပ္ကလည္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကေၾကညာခ်က္အမွတ္ ၁/၂၀၂၂ ျဖင့္ စိန္ရတုျပည္ေထာင္စုေန႔ႏွင့္ႀကဳံႀကိဳက္သည့္အခါသမယတြင္ တိုင္းရင္းသားအဖြဲ႕အစည္းအားလုံးတို႔အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည့္ စိန္ရတုျပည္ေထာင္စုေန႔ အခမ္းအနားသို႔ အခ်ိန္မီတက္ေရာက္ၾကပါရန္ႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳ ညႇိႏႈိင္းေဆြးေႏြးပြဲသို႔ တက္ေရာက္ေဆြးေႏြးၾကပါရန္ အထူးဖိတ္ၾကားထားျခင္း၊ ေဆြးေႏြးမည့္အေၾကာင္းအရာႏွင့္ပတ္သက္၍ ကန႔္သတ္ခ်က္မထားဘဲ လြတ္လြတ္ လပ္လပ္ ႏွီးေႏွာဖလွယ္ႏိုင္ရန္ ရည္႐ြယ္ထားျခင္းသည္ ျမန္မာႏိုင္ငံေတာ္ႀကီး အျမန္ၿငိမ္းခ်မ္းလ်က္ ထာဝရ ၿငိမ္းခ်မ္းေရးပန္းတိုင္ဆီသို႔ စတင္ေလွ်ာက္လွမ္းႏိုင္မည့္ ေျခလွမ္းသစ္ျဖစ္သည္ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရးအဖြဲ႕ခ်ဳပ္အေနျဖင့္ ယုံၾကည္ေမွ်ာ္လင့္သည့္အေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့်...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့်...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့် အီရန်ရှိ အမေရိကန်နိုင်ငံသားများ သည်အန္တရာယ်ရှိနေသည်ဟု သောကြာနေ့က အခြေအနေအစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည်။        အီရန်တွင်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်အတိအကျကို မသိရဘဲ နိုင်ငံခြားရေးဌာနအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများကို မှတ်ပုံတင်ရန် မလိုအပ်ပေ။          အမေရိကသည် အစ္စရေးရှိ သိန်းနှင့် ချီသော အမေရိကန်နိုင်ငံသားများကို နိုင်ငံမှ ပြန်ခေါ်ထုတ်ရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များကိုလုပ်ဆောင်နေသကဲ့သို့ အီရန်ရောက် နိုင်ငံသားများအတွက်မူ ယင်းအစီအစဉ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071