Thursday, February 12, 2026

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...

ရိုးရာစွန်​ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အနေဖြင့် ထည့်သွင်းပုံဖော်မှု ကျေနပ်အားရဖွယ်တိုးတက်အောင်မြင်လာကြောင်း...

မြန်မာနိုင်ငံလုံးဆိုင်ရာစွန်ဝါသနာရှင်များအဖွဲဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော စွန်ဖြတ်​​ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုဿန်ရှေ့ပြိုင်ပွဲကွင်းတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။ " အဖွဲ့အနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်လာတာ ၁၈ကြိမ်ရှိပြီ။ နိင်ငံတော်ကလည်း...

ထိုင်းစာသင်ကျောင်းပ-စ်ခတ်မှုဖြစ်ပွား၊ ဆရာမတစ်ဦး ‌ေ-သဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း သေနတ်သမားတစ်ဦးက ဝင်ရောက်ပ-စ်ခ-တ်မှုကြောင်း ထိုကျောင်းတွင် တာဝန်ကျသည့် ဆရာမတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က ဆွန်ခလာပြည်နယ်...
HomeInternationalထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ အစ္စရေးပါမည်--နေတန်ယာဟု

ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ အစ္စရေးပါမည်–နေတန်ယာဟု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစီအစဉ်တွင် အစ္စရေးနိုင်ငံပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့ ဝါရှင်တန်ခရီးစဉ်အတွင်း ထရမ့်ပ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ရူဘီယိုနှင့် တွေ့ဆုံပြီးနောက် အစ္စရေး၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းကို လက်မှတ်ရေးထိုးခဲ့သည် ဟု နေတန်ယာဟုက X ပေါ်တွင် တင်ခဲ့သည်။

နေတန်ယာဟုသည် ထရမ့်ပ်နှင့် အီရန်အရေး ဆွေးနွေးရန် ဝါရှင်တန်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလလယ်တွင် အတည်ပြုခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် ဂါဇာဒေသ၌ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တစ်ခု ထူထောင်ရန် ဘုတ်အဖွဲ့နှင့် ၎င်းနှင့်အတူ လုပ်ဆောင်သော နိုင်ငံများကို ခွင့်ပြုချက်ပေးခဲ့သည်။ ထရမ့်ပ်၏ အစီအစဉ်အရ အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ လက်မှတ်ရေးထိုးခဲ့သော အတိမ်းအစောင်းမခံသည့် ဂါဇာအပစ်အခတ်ရပ်စဲမှုသည် အောက်တိုဘာလတွင် စတင်အကျိုးသက်‌ရောက်ခဲ့သည်။

ထရမ့်ပ်၏ ဂါဇာစီမံကိန်းအရ ဘုတ်အဖွဲ့သည် ဂါဇာ၏ ယာယီအုပ်ချုပ်ရေးကို ကြီးကြပ်ရန် ရည်ရွယ်ထားသည်။ ထို့နောက်တွင် ထရမ့်ပ်က ၎င်းဥက္ကဌအဖြစ် တာဝန်ယူထားသော ဘုတ်အဖွဲ့ကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် တိုးချဲ့မည်ဟု ပြောကြားထားသည်။

ဘုတ်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်‌နေ့တွင် ဝါရှင်တန်၌ ပြုလုပ်မည်ဖြစ်ပြီး ဂါဇာပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ထရမ့်ပ်သည် နိုင်ငံခြားနယ်မြေတစ်ခု၏ ကိစ္စရပ်များကို ကြီးကြပ်မည့် ဘုတ်အဖွဲ့တစ်ခုကို ဦးဆောင်ခြင်းသည် ကိုလိုနီဖွဲ့စည်းပုံနှင့် ဆင်တူသည်ဟု လူ့အခွင့်အရေးကျွမ်းကျင်သူများက ပြောသည်။ ဘုတ်အဖွဲ့တွင် ပါလက်စတိုင်းလူမျိုးမပါဝင်သောကြောင့် အစ္စရေး၏ ပါဝင်မှုသည် ဝေဖန်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဟု မျှော်လင့်ရသည်။

Ref: အင်န်ဒီတီဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားကြောင်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။ ပြည်ပနိုင်ငံများဖြစ်သည့် မဒါဂတ်စကား၊...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ ည ၁၀နာရီအထိ အချိန်တိုးမြှင့်

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းခွင့်ပြုထားပြီး ယခုအခါဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ မနက် ၄ နာရီမှ ည ၁၀ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း သိရသည်။ ထို့ပြင် တံတားဖြတ်သန်းခကိုလည်း ယနေ့တွင် စတင်ကောက်ခံနေပြီး ဖြတ်သန်းအသုံးပြုသူများခြင်းကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့သည်အထိ ဖြစ်ပွားခဲ့သည်။ အဆိုပါတံတားကို ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး...

ရိုးရာစွန်​ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အနေဖြင့် ထည့်သွင်းပုံဖော်မှု ကျေနပ်အားရဖွယ်တိုးတက်အောင်မြင်လာကြောင်း တာဝန်ရှိသူပြော

မြန်မာနိုင်ငံလုံးဆိုင်ရာစွန်ဝါသနာရှင်များအဖွဲဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော စွန်ဖြတ်​​ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုဿန်ရှေ့ပြိုင်ပွဲကွင်းတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။ " အဖွဲ့အနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်လာတာ ၁၈ကြိမ်ရှိပြီ။ နိင်ငံတော်ကလည်း တစ်ဘက်တစ်လမ်းထောက်ပံ့တာတော့ ရှိပါတယ်။ခုလိုလုပ်တယ်ဆိုတာလည်းအားကစားတစ်ရပ် အနေနဲ့ပုံဖော်ပြီး လုပ်ဆောင်တာပါ၊အားကစားတစ်ရပ်အနေနဲ့ ဦးတည်ကျင်းပတာ​ဖြစ်လို့ ခုဆိုတော်တော်လေးအောင်မြင်လာတာတွေ့ရပါတယ်" ဟု ပွဲကျင်းပရေးကော်မတီဝင် ဦးသန်းစိုးက ပြောသည်။ အဆိုပါပြိုင်ပွဲကို လေသာမိုးသာဖြစ်မည့်လမှသာ ရွေးချယ်ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရက်ရွေးချယ်ကျင်းပခဲ့​​​ခြင်းဖြစ်​ကာ ​ပြိုင်ပွဲရက်အဖြင့် ၄ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိ စွန်ဝါသရှင်အဖွဲ့ပေါင်း ၃၀၀ ကျော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071