Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalထရမ့်ပ်အစိုးရ ဝန်ကြီးလောင်းများခြိမ်းခြောက်ခံနေရ

ထရမ့်ပ်အစိုးရ ဝန်ကြီးလောင်းများခြိမ်းခြောက်ခံနေရ

ဝါရှင်တန်၊နိုဝင်ဘာ ၂၈

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်၏ အစိုးရဝန်ကြီးလောင်းများအဖြစ်လျာထားခြင်းခံရသူအချို့သည် ခြိမ်းခြောက်ခံနေရကြောင်းသိရသည်။

ယင်းသို့ခြိမ်းခြောက်မှုများသည် အင်္ဂါနေ့ညပိုင်းနှင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်းများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ခြိမ်းခြောက်ခံရသူ ဝန်ကြီးလောင်းများ၏လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်နေသည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသည့် ရီပတ်ဘလစ်ကန်မှ Elise Stefanik နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီကိုဦးဆောင်မည့် ရီပတ်ဘလီကန် ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း Lee Zeldin က ၎င်းတို့နှစ်ဦးစလုံးသည် ခြိမ်းခြောက်မှု၏ပစ်မှတ်များဖြစ်ခဲ့သည်ဟုဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင်မူ ကာကွယ်ရေးဝန်ကြီးအဖြစ် ထရမ့်ပ်၏ရွေးချယ်ခံထားရသူ Pete Hegseth ကလည်း ၎င်းတို့မိသားစုသည်ပစ်မှတ်များထဲတွင်ပါဝင်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အိမ်ဖြူတော်ကလည်း ရှုံ့ချကြောင်း သမ္မတဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များက ထုတ်ပြန်ကြေငြာခဲ့ကြသည်။

ထရမ့်ပ်အစိုးရ ဝန်ကြီးလောင်းများခြိမ်းခြောက်ခံရသောဖြစ်ရပ်သည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သမ္မတလောင်းထရမ့်ပ်ကိုယ်တိုင် ပင်ဆယ်ဗေးနီးယားနှင့်ဖလော်ရီဒါတို့၌ လုပ်ကြံခံရပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Source : ဖရန့်စ်24

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071