ရုရှားနိုင်ငံမှ ရေနံကို တင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယကုန်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမိန့်ထုတ်ပြန်လိုက်သည်။
ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သော ထပ်တိုးခွန်သည် အိန္ဒိယကုန်ပစ္စည်းများအပေါ် မူလက ချမှတ်ထားသော အခွန် ၂၅ ရာခိုင်နှုန်းအပြင် ထပ်တိုးလိုက်ခြင်းဖြစ်ပြီး အမေရိက၏ အမြင့်ဆုံး သွင်းကုန်ခွန်စည်းကြပ်ခံမှုထဲတွင်ပါဝင်ခဲ့ကာ စုစုပေါင်း ၅၀ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်သည်။
ရုရှားသည် ယူကရိန်းကို ဆက်လက်၍ စစ်ဆင်နေမှုသည် နိုင်ငံတော်အရေးပေါ်အခြေအနေဖြစ်သည့်အတွက် ရုရှား၏ ရေနံထုတ်ကုန်များကို အဓိကဝယ်ယူသူဖြစ်သည့်အိန္ဒိယကို အခွန်တိုးမြှင့်ကောက်ခံခြင်းသည် လိုအပ်ချက်အရ သင့်လျော်မှန်ကန်သည်ဟု ၎င်း၏ သမ္မတအမိန့်နှင့် ပတ်သက်၍ ထရမ့်ပ်က ရှင်းလင်းပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရေနံကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တင်သွင်းနေသည်ဟုလည်း ထရမ့်ပ်က ရေးသားခဲ့သည်။
ရုရှားအစိုးရ၏ လုပ်ဆောင်ချက်များနှင့် မူဝါဒများသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်သော ထူးခြားသည့် ခြိမ်းခြေ-ာက်မှုအဖြစ် ဆက်လက်တည်ရှိနေသည်ဟုလည်း သူက ပြောကြားခဲ့သည်။
စည်းကြပ်ခွန်တိုးမြှင့်ခြင်းသည် ကြေညာပြီးနောက် ၂၁ ရက်အကြာတွင် စတင်အကျိုးသက် ရောက်မည်ဟု မျှော်လင့်ရပြီး အိန္ဒိယနှင့် အမေရိကသည် အခွန်းနှုန်းထားလျှော့ချရေး စေ့စပ်ညှိနှိုင်းမှုများအတွက် တံခါးဖွင့်ထားသည်။
Ref: အယ်ဂျာဇီးယား
