Monday, May 19, 2025

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက...

ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာရောဂါ ကိုပြင်းထန်စွာခံစားနေရဟုဆို

ဝါရှင်တန်၊မေ ၁၉ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာဝေဒနာကိုအပြင်းအထန်ခံစားနေရကြောင်း၊ ကင်ဆာဆဲလ်များသည် ၎င်း၏ အရိုးများအထိပင်ပျံ့နှံ့နေပြီဖြစ်‌ေကြာင်းသိရသည်။ အသက် ၈၂ နှစ်အရွယ်ရှိသမ္မတ‌ေဟာင်း ဂျိုးဘိုင်ဒင်သည် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများကို ခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှသာ ၎င်း၏မိသားစုဝင်များက...

ပြည်တွင်းစက်သုံးဆီဈေး အနည်းငယ် ကျဆင်း

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီများ ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်...

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...
HomeInternationalထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ် တာဝန်ထမ်းဆောင်ခွင့်များကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အဆိုပါမှတ်တမ်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံသူများကပင် ယခင်က မကြုံဖူးသော လုပ်ရပ်ဟု ဆိုကြသည်။

ထရမ့်သည် လွန်ခဲ့သောလကပင်လျှင် ထရန်စ်ဂျန်ဒါစစ်သားများကို ဦးတည်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ “ထရန်စ်ဂျန်ဒါစစ်သားများသည် စစ်သားတစ်ဦးအတွက် လိုအပ်သော ရိုးသားမှု၊ ကိုယ်ကျိုးစွန့်မှုတို့နှင့် မကိုက်ညီပါ” ဟုလည်း ပြောဆိုခဲ့သည်။

ယခုလအတွင်းတွင်ပင် အမေရိကန်စစ်တပ်သည် ထရန်စ်ဂျန်ဒါဝန်ထမ်းများကို စစ်တပ်တွင် ပါဝင်ခွင့်မပေးတော့ဘဲ၊ လိင်ပြောင်းလဲမှုနှင့်ဆိုင်သော ကုသမှုများကို ဆောင်ရွက်ပေးခြင်း သို့မဟုတ် ကူညီဆောင်ရွက်ပေးခြင်းများကို ရပ်ဆိုင်းမည်ဟု ပင်တဂွန်က ကြေညာခဲ့သည်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်မှတ်တမ်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သားများအပေါ် ပိတ်ပင်ချက်ကို ပိုမိုချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။

စာတမ်းတွင် ပင်တဂွန်သည် ထရန်စ်ဂျန်ဒါစစ်သားများကို ခွဲခြားသတ်မှတ်ရန် လုပ်ထုံးလုပ်နည်းများကို ၃၀ ရက်အတွင်း ပြုစုရမည်ဖြစ်ပြီး၊ ထို့နောက် ၃၀ ရက်အတွင်း ၎င်းတို့ကို စစ်တပ်မှ ထုတ်ပယ်ရန် စတင်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

“စစ်သားများ၏ အသင့်ပြင်ဆင်မှု၊ ရန်သူကို သတ်ဖြတ်နိုင်စွမ်း၊ စည်းလုံးညီညွတ်မှု၊ တစ်သမတ်တည်းဖြစ်မှုနှင့် ရိုးသားမှုတို့အတွက် အမေရိကန်အစိုးရ၏ မူဝါဒမှာ သက်ဆိုင်သလို အမြင့်မားဆုံးသတ်မှတ်ချက်များ သတ်မှတ်ရန်ဖြစ်သည်” ဟု ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရက်စွဲပါ ဆုံးဖြတ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက မေလ ၁၈ ရက် နေ့တွင် ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားသော မစ္စတာ အီရှတ်ဒါ သည် မေလ ၁၉ ရက် နေ့တွင် ပေကျင်းခရီးစဉ်ကို စတင်မည်ဖြစ်ကာ တောင်အာရှတွင် ပြောင်းလဲနေသော ဒေသဆိုင်ရာအခြေအနေများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်သည်ဟု...

ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာရောဂါ ကိုပြင်းထန်စွာခံစားနေရဟုဆို

ဝါရှင်တန်၊မေ ၁၉ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာဝေဒနာကိုအပြင်းအထန်ခံစားနေရကြောင်း၊ ကင်ဆာဆဲလ်များသည် ၎င်း၏ အရိုးများအထိပင်ပျံ့နှံ့နေပြီဖြစ်‌ေကြာင်းသိရသည်။ အသက် ၈၂ နှစ်အရွယ်ရှိသမ္မတ‌ေဟာင်း ဂျိုးဘိုင်ဒင်သည် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများကို ခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှသာ ၎င်း၏မိသားစုဝင်များက ဆရာဝန်များနှင့်စစ်ဆေးအတည်ပြုနိုင်ခဲ့ကာ ဆေးဆက်လက်ကုသရန်တိုင်ပင်နေသည်ဟုလည်းသိရသည်။ သမ္မတဟောင်းဘိုင်ဒင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၎င်း၏သမ္မတသက်တမ်းကာလအတွင်း အစောပိုင်းကာလများကအဆင်ပြေသော်လည်း နောက်ပိုင်းတွင် ပုံမှန်မဟုတ်သောစကားပြောပုံများဖြင့် တစ်ခါတစ်ရံ စကားများမှားကာ ယူကရိန်းသမ္မတနှင့်ရုရှားသမ္မတနာမည်မှားခေါ်သည်အထိဖြစ်ခဲ့ကာ ဝေဒနာ၏ဒဏ်ကိုခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိသတင်းများအရ သမ္မတထရမ့်ပ်ကမူ သမ္မတဟောင်းဘိုင်ဒင်နှင့်၎င်း၏ဇနီးတို့အတွက် စာနာနားလည်ကာ စိတ်မကောင်းဖြစ်မိပါသည်ဟုလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ထုတ်ဖော်ပြောကြားခဲ့သည်။ “သမ္မတဟောင်းဘိုင်ဒင်ရဲ့ဆေးစစ်ချက်ကိုသိပြီးတဲ့နောက် ကျွန်တော်ရော မလီနာပါ အင်မတန်ကိုစိတ်ထိခိုက်ခဲ့ရပါတယ်၊သမ္မတဟောင်းဘိုင်ဒင်လည်း အမြန်ဆုံးကုသနိုင်ပြီး ဝေဒနာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်” ဟုလည်း၎င်းကဆိုသည်။ Source :...

ပြည်တွင်းစက်သုံးဆီဈေး အနည်းငယ် ကျဆင်း

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီများ ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။ စျေးကွက်အတွင်းတွင် မေလ (၁၅) ရက်က စက်သုံးဆီစျေးနှုန်းသည် 92 တလီတာလျှင် (၂၈၂၅) ကျပ်၊ 95 တလီတာလျှင် (၂၈၈၅) ကျပ်၊ ဒီဇယ်တလီတာလျှင် (၂၄၂၅) ကျပ်၊ ပရီမီယံဒီဇယ်တလီတာလျှင် (၂၉၈၀) ကျပ်ရှိခဲ့ရာမှ ယနေ့ မေ (၁၉)ရက် တွင် 92 တလီတာလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071