Saturday, January 31, 2026

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...
HomeActivitiesတရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး...

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းရဲ့ ပေါက်ဖော်စကောလားရှစ် အစီအစဉ်

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းမြန်မာနိုင်ငံဆိုင်ရာ အဖွဲ့အစည်း၏ ၃ နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ခွဲက ရန်ကုန် တက္ကသိုလ်၊ စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ် နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေး ဖောင်ဒေးရှင်းကို ၁၉၈၉ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးသော လူထုအား အရည်အသွေး ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနဲ့ ပြန် လည် ထူထောင်ရေးကဏ္ဍများမှ စုစုပေါင်းလူဦး ရေ ၂ သန်းခန့်ကို ကူညီထောက်ပံ့ လျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ အခုအခါတွင် အာဖရိကဒေသရှိ အီသီယိုးပီးယား၊ ဆူဒန်၊ ယူဂန်ဒါ၊ နမီးဘီးယားနိုင်ငံများတွင်လည်း ကောင်း၊ အာရှနိုင်ငံဒေသရှိ မြန်မာ၊ နီပေါနဲ့ ကမ္ဘောဒီးယားစသောနိုင်ငံပေါင်း ၇ နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကူညီမှု စီမံကိန်းများအား ရေရှည်စီမံကိန်းအဖြစ် လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ထို့အပြင် ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား ကျောင်းသူပေါင်း ၁၃ဝဝ ကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ အဆိုပါထောက်ပံ့မှုကိုတော့ ပေါက်ဖော်စကောလားရှစ်ပရောဂျက်လို့ ခေါ်ပါတယ်။ အဆိုပါ စကောလားရှစ်ပေးအပ် မှုသည် ကျောင်းသားကျောင်းသူများအနေနဲ့ ပညာသင်ယူရာတွင် ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုး မရှိဘဲ တက္ကသိုလ်ပညာရေးပန်းတိုင်ကို ချောမွေ့ စွာဆုံးခန်းတိုင်အောင် လျှောက်လှမ်းနိုင်စေလိုသော ရည်ရွယ်ချက်ဖြင့်ပေး အပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစကောလားရှစ်ပရောဂျက်ကို စတင်အကောင်အထည် ဖော်နေသည်မှာ ၃ နှစ်တိုင်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

P-038

Ads Space Available


Continue reading

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ထပ်မံဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မှုမရှိစေရေး...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071