
တရုတ်ပြည်၊ နန်နင်းမြို့မှာကျင်းပမယ့် CHINA-ASEAN THEATRE WEEK မှာ မြန်မာ နိုင်ငံသဘင်အစည်းအရုံးမှ သဘင် အနုပညာရှင် ၂၅ ဦး တက်ရောက်မှာဖြစ်ပါတယ်။ တရုတ် ပြည်ကိုတော့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သွားရောက်ကြမှာဖြစ်ပြီး ၂၃ ရက်နေ့မှာ ပြန်လည် ရောက်ရှိလာကြမှာဖြစ်ပါတယ်။ သွားရောက်ကြမယ့် အနုပညာရှင်များထဲတွင် ဦးမိုးဝင်း၊ မြို့ရွှေမန်းသားဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ ချစ်စွမ်းသာ၊ဟွန်းနောင်နောင်စတဲ့ သဘင်မင်းသားတွေအပြင် သဘင်မင်းသမီးတွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။ ပွဲတော်အတွက် ဖျော်ဖြေတင်ဆက်မှုများကို လည်း မြို့ရွှေမန်းသားဖိုးချစ်ရဲ့ မင်္ဂလာဒုံမြို့နယ်က သဘင်ခြံကြီးမှာ လေ့ကျင့်ပြင်ဆင်လျက် ရှိပါတယ်။
”ကျွန်တော်တို့အနေနဲ့ သဘင်အစည်းအရုံးရဲ့ ညီညွတ်မှုတစ်ခုအနေနဲ့ သွားရောက် ဖျော်ဖြေ တင်ဆက်ကြတာပါ။ ကျေးလက် အကတွေပါမယ်။ ဘိုးဘိုးကြီး အလင်္ကာကျော်စွာရွှေမန်းဦးတင် မောင်ရဲ့ အကပါမယ်။ ပြီးတော့ ဆရာမြို့တော် မောင်ယဉ်အောင်ရဲ့ ဘုရင့်နောင် အော်ပရာ ပါမယ်။ ညီလေး အဂ္ဂါမိုးဝင်းရဲ့ ဆာကူရာကို မြန်မာမှုပြုထားတဲ့အကပါမယ်။ ကျွန်တော်တို့က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနုပညာချင်း ဖလှယ်ကြတဲ့သဘောပါပဲ။ ကျွန်တော်တို့ မြန်မာပြည်အတွက် အစွမ်းကုန် ကြိုးစားသွားကြမှာပါ” လို့ ပွဲနဲ့ပတ်သက်ပြီး တင်ဆက်မယ့် အကြောင်းအရာတွေကို မြို့ရွှေမန်းသား ဖိုးချစ်ကပြောပြပါတယ်။ ဒီခရီးစဉ်ကတော့ မြန်မာ့ဇာတ်သဘင်အနေနဲ့ စည်းလုံးညီညွတ် မှုတွေနဲ့အတူ မြန်မာ့ရိုးရာ အနုပညာတွေကို ကမ္ဘာကသိအောင် ပြသခဲ့ကြမယ့် ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။
လင်းအက္ခရာ
