Saturday, September 19, 2026

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan...
HomeNewsLocal Newsတောင်ဒဂုံမြို့နယ်ရှိ စက္ကူကုန်ကြမ်းအမှိုက်ပုံ မီးလောင်မှု...

တောင်ဒဂုံမြို့နယ်ရှိ စက္ကူကုန်ကြမ်းအမှိုက်ပုံ မီးလောင်မှု ဖြစ်ပွားရာ အချိန် (၁)နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃) ရပ်ကွက်၊ ဘုရားလမ်းရှိ စက္ကူစက်ရုံမှ စက္ကူကုန်ကြမ်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၂)ရက်၊ ည (၁၀)နာရီ၊ (၃၅)မိနစ်အချိန်က အဆိုပါ စက္ကူကုန်ကြမ်း အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ ၎င်းမီးလောင်ပြင်သို့ YRO အဖွဲ့ဝင် အသင်း (၃) သင်းမှ လူနာတင်ယာဉ် (၄) စီး၊ စေတနာ့ ဝန်ထမ်း (၁၇) ဦးဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ချိတ်ဆက်ကာ မီးငြှိမ်းသတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၁၀)နာရီ (၅၈) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၁၁)နာရီ (၂၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၂)ရက်၊ ညနေ (၄)နာရီ (၄၁)မိနစ်အချိန်ကလည်း လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ၊ ဖောင်ကြီးလမ်းဘေးတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားရာ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းခဲ့ရာ ညနေ (၄)နာရီ (၅၄)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ကာ ညနေ (၄)နာရီ (၅၆)မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ (၁၂)ရက်၊ ညနေ (၃)နာရီ (၅၆)မိနစ်အချိန်ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅၄) ရပ်ကွက်၊ ရွာလယ်လမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၆)နာရီ (၁၄)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၆)နာရီ (၃၈)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ရန်ကုန်မြို့တွင် မီးလောင်မှုများလည်း ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ မီးလောင်မှုများတွင် အမှိုက်ပုံ မီးလောင်မှုများ၊ မြက်ခြောက်နှင့် ကိုင်းတောမီးလောင်မှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း ပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွမ်းလောင်းလှူပွဲကို ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ကြီးမှ စတင်၍ မြို့လယ်ကျောက်တိုင်အနီးရှိ ဦးရေဝတလမ်းဝအထိ ကျင်း ပသွားမည်ဖြစ်သည်။ အဆိုပါဆွမ်းလောင်းလှူပွဲသို့ ကျိုက္ခမီမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းမှ ဝါဆိုရဟန်းသံဃာတော် ၂၉၀ ပါး၊ ဝါဆိုရှင်သာမဏေ ၁၉၂ ပါးနှင့် သီလရှင် ၁၄ ပါး၊ စုစုပေါင်း ၄၉၆...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ရိုးရာပွဲလမ်းသဘင်များ ပြန်လည်ကျင်းပခြင်းမှတစ်ဆင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် လူမှုဘဝပြန်လည်တက်ကြွလာရေးတို့ကို ရည်ရွယ်ထားကြောင်း ဆိုထားသည်။ အဆိုပါကိစ္စအပါအဝင် သီပေါမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လျှပ် စစ်ဓာတ်အား ပြန်လည်ရရှိရေး၊ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်တွင်လည်း ပြန်လည်ဝင်ရောက်လာသော ဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကျင်မွာလ်ရပ်ကွက်ရှိ လွတ်လပ်ရေးစေတီ၌ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်က နေ ရပ်ပြန်ဒေသခံ(၁၁၁)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူ များ၊ ဝန်ထမ်းများကအချက်အလက်ကောက်ယူမှုကိုကြည့်ရှုအားပေးပြီး ဒေသခံများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စစ်ဘေးရှောင်များအဖြစ်တိမ်း ရှောင်နေရသော ဖလမ်းမြို့ပေါ်လူဦးရေ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071