Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeNewsLocal Newsတောင်ငူ-သာယာကုန်းမဟာဓာတ် အားလိုင်း၏ တာဝါတိုင်(၁...

တောင်ငူ-သာယာကုန်းမဟာဓာတ် အားလိုင်း၏ တာဝါတိုင်(၁ )တိုင်ဖောက်ခွဲဖျက်ဆီးခံရ၊ ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ၅၃၀ မဂ္ဂါဝပ်ခန့်လျော့နည်း

ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်း(အရှေ့ပိုင်း)သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသည့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း၏ တာဝါတိုင် ၁ တိုင်ဖောက်ခွဲဖျက်ဆီးခံရမှုနှင့်သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေတို့နှင့်ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်း(အရှေ့ပိုင်း)သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသည့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်းဓာတ်အားလိုင်း၏ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင် ၁ တိုင်အား PDF အဖွဲ့ဝင်များက ဒီဇင်ဘာ ၃၁ ရက်ည ၁ နာရီတွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု YESC က အသိပေးခဲ့သည်။

ထို့ကြောင့် တာဝါတိုင်တိမ်းစောင်းသွားခဲ့၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ထမ်းများမှ ဇန်နဝါရီ ၁ ရက်နေ့လည် ၁ နာရီမှစတင်ကာ တာဝါတိုင်လဲ ကျ၍ ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရန် အမြန်ဆုံးပြင်ဆင်လျက်ရှိသည်ဟု YESC ကအ သိပေးခဲ့သည်။

ထို့ပြင် ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ပုံမှန်ပို့လွှတ်နေသော ဓာတ်ငွေ့ပမာဏထက်လျှော့ချပို့လွှတ်နေစဉ် ဒီဇင်ဘာ ၃၁ ရက်နံနက် ၁၁ နာရီ၌ ရတနာကမ်းလွန်ပလက် ဖောင်းပေါ်ရှိ ဓာတ်ငွေ့ဖိအားထိန်းချုပ်စနစ်ချို့ ယွင်းကာ မူလဓာတ်ငွေ့ပို့လွှတ်မှုပမာဏထက်လျော့ကျခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ် ငွေ့စက်ရုံများမှ စုစုပေါင်းထုတ်လုပ်မှု ၅၃၀ မဂ္ဂါဝပ်ခန့်လျော့နည်းခဲ့၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ခြင်း၊ဓာတ်အားစနစ်ကွန်ရက်တည်ငြိမ်မှုရှိစေရန် အခြား ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်အား အမြန်ဆုံးပြုပြင်လျက်ရှိပြီး ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့အမြန်ဆုံး ပြန်လည်ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေချိန်၌ ဓာတ်အားထိန်းညှိဖြန့် ဖြူးခြင်းများဆောင်ရွက်ရမှုကို ပြည်သူလူထုအနေဖြင့် နားလည်ပေးပါရန် YESC ကအသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071