ယနေ့ စက်တင်ဘာ(၉)ရက် ၊ နံနက်ပိုင်းအချိန်တိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၃)လက်မ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း မိုးဇလက အသိပေးနှိုးဆော်ထားသည်။
စစ်တောင်းမြစ်ရေ တောင်ငူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ လ (၄)ရက်အထိ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေခဲ့ပြီးနော က် စက်တင်ဘာ(၅)ရက်မှ (၈)ရက်အထိ စိုးရိမ်ရေမှတ်အော က်သို့ ပြန်လည်ရောက်ရှိခဲ့ရာမှ ယနေ့တွင် စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
