တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။
ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရေချမ်း၊ ဆင်ချေပုန်းရပ်ကွက်၊ ကျွန်းတောကုန်းစသည့်တို့မှ ဒေသခံများ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်။
” အခု ခပေါင်းချောင်းရေကြီးတာက ရုတ်တရက် ရေကြီးရေလျှံတာလို့ ပြောလို့ရတယ်။ သူက ချက်ချင်းတက်ချက် ချင်းပြန်ကျတဲ့ အခြေအနေပါ။ ဟိုလို မြစ်ရေတက်လာပြီး ရက်ကြာရေကြီးတဲ့ပုံမျိုးမဟုတ်ပါဘူး အခုတော့ ဆုံးရှုံးနိုင်တဲ့ လူတို့၊ ဝက်တို့၊ ဆိုင်ကယ် တန်ဖိုးရှိတာတွေ ပြောင်းရွှေ့ပေးနေပါတယ်”ဟု ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ဇွန်လ (၂၀) ရက်မှ (၂၅)ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလ မှ အသိပေးထားကာ ရုတ်တရက် ရေကြီးရေလျှံဖြစ်ပွားလာနိုင်သည့်အတွက် မြစ်ချောင်းများအနီးနေထိုင်သူဒေသခံများသတိပြု နေထိုင်ကြရန် သတိပေးထားသည်။