ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဈေးလမ်းရှိ နှစ်ထပ်ဆောင် စားသောက်ဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၂၈)ရက်၊ ည (၁၁)နာရီ (၄၅)မိနစ်အချိန်ခန့်က အဆိုပါ စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြစ်ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၁၁)နာရီ (၅၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှုအကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ (၂၄)ရက်၊ ည (၁၁)နာရီ (၅၀)မိနစ်အချိန်ခန့်ကလည်း တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းနယ်မြေကွင်းနောက် (၂)ရပ်ကွက်၊ ကျွန်းသာယာရပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကညွတ်ကွင်းနယ်မြေကွင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး (၁၂)နာ ရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။