ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ညောင်ခြေထောက်မြို့ရှိ တို-က်နယ်ဆေးရုံအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ရှင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
ထိုသို့ ရေဝင်ရောက်မှုကြောင့် ဆေးရုံအတွင်း၌ လူနာများပိ-တ်မိနေသဖြင့် ယနေ့ စက်တင်ဘာ ၃၀ ရက်နံနက် ၅ နာရီခွဲခန့်တွင် ဆေးရုံအုပ်ဖြစ်သူမှ လူနာများအားရေဘေးလွတ်ကင်းရာသို့သယ်ထုတ်ပေးပါရန် ရှင်ခုန်သံရှင်ရေးကူညီမှုအသင်းထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ မီးသ-တ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အသင်းများနှင့်ပူးပေါင်း၍ တို-က်နယ်ဆေးရုံအတွင်းပိ-တ်မိနေသည့်လူနာများအား ရေဘေးလွတ်ကင်းသော ကျွဲပွဲပြည်သူ့ဆေးရုံသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း
