Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...
HomeInternationalတောင်ကိုရီးယား၌ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေငြာ

တောင်ကိုရီးယား၌ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေငြာ

ဆိုးလ်၊ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်က နိုင်ငံတွင်းအရေးပေါ်စစ်အုပ်ချုပ်ရေးကို‌ယနေ့ထုတ်ပြန်ကြေငြာလိုက်ကြောင်းသိရသည်။

ယခုလိုအရေးပေါ်အခြေအနေထုတ်ပြန်ရခြင်းမှာ တောင်ကိုရီးယားအတွင်းရှိ မြောက်ကိုရီးယားလိုလားသူများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့်ဖြစ်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေငြာခြင်းသည် တောင်ကိုရီးယား၌ ၁၉၈၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ကြေငြာခြင်းလည်းဖြစ်သည်။

ယခုကြေငြာချက်အရ ပါလီမန်နှင့် နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများကို ပိတ်ပင်မည်ဖြစ်ပြီး မီဒီယာများနှင့်ထုတ်ဝေသူများသည် စစ်အုပ်ချုပ်ရေးအမိန့်အောက်တွင် ရှိနေရမည်ဖြစ်ကြောင်းလည်း စစ်တပ်၏ထုတ်ပြန်ချက်ကိုကိုးကား၍ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေငြာလိုက်ခြင်းကြောင့် နိုင်ငံတစ်ဝန်းရုတ်ရုတ်သဲသဲဖြစ်သွားသလို ကိုရီးယားဝမ်ငွေတန်ဖိုးသည်လည်း ကန်ဒေါ်လာနှင့်ယှဉ်ပါကသိသိသာသာထိုးကျသွားခဲ့သည်။အဆိုပါအခြေအနေကြောင့် လိုအပ်ပါက ဈေးကွက်တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်ကလည်းအစီအမံများချမှတ်နေကြောင်းပြောကြားခဲ့သည်။

သမ္မတယွန်က ၎င်းအနေဖြင့် အရှက်မဲ့သည့် မြောက်ကိုရီးယားလိုလားသူအင်အားစုများကို ထိထိရောက်ရောက်ကိုင်တွယ်သွားမည်ဟုလည်းဆိုခဲ့သည်။ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုချက်အား အိမ်ဖြူတော်ဘက်ကချက်ချင်းတုန့်ပြန်ခြင်းမရှိပေ။

မြောက်ကိုရီးယားရန်မှကာကွယ်ရန် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့်သည် ယခင်ကတည်းက တောင်ကိုရီးယား၌ တပ်စွဲထားပြီးဖြစ်ကာ ယခုအခြေအနေနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူအား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သမ္မတယွန်၏ယခုဆုံးဖြတ်ချက်အား ၎င်း၏ပါတီဝင်အချို့အပါအဝင် အတိုက်အခံပါတီခေါင်းဆောင်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။

Source : သည်ဂါးဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071