Tuesday, June 3, 2025

အမေရိကန်-အီရန် နျူကလီးယား သဘောတူညီချက်အောက်ဝယ် အီရန်တွင်...

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ ဝါရှင်တန်အစိုးရသည် အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှု ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...
HomeInternationalတောင်ကိုရီးယား၌ ငါးနှစ်သားမှစ၍ ကျောင်းအပ်နှံရမည့်အစီအစဉ်ကို...

တောင်ကိုရီးယား၌ ငါးနှစ်သားမှစ၍ ကျောင်းအပ်နှံရမည့်အစီအစဉ်ကို မိဘများ၊ဆရာများ ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယား၌ ငါးနှစ်သားမှစ၍ ကျောင်းအပ်နှံရမည့်အစီအစဉ်ကို မိဘများ၊ဆရာများ ကန့်ကွက်ဆန္ဒပြ

ဆိုးလ်၊ ဩဂုတ် ၁ ရက်

တောင်ကိုရီးယား မိဘများနှင့် ဆရာများသည် အစိုးရက အကောင်အထည်ဖော်ရန်ရှိသည့် ကလေးများအား ငါးနှစ်သားမှစ၍ ကျောင်းအပ်နှံရမည့် အစီအစဉ်ကို ဩဂုတ်လ ၁ ရက် တနင်္လာနေ့တွင် ကန့်စု‌ေဝးဆန္ဒပြခဲ့ကြသည်။

မိဘများနှင့် ဆရာများက ထိုအရွယ် ကလေးများသည် ဉာဏ်ရည်ဉာဏ်သွေးအရ ကျောင်းတက်ရန် အဆင်သင့်မဖြစ်သေးကြောင်းနှင့် ၎င်းအပြောင်းအလဲကြောင့် ကလေးထိန်းဌာနများ ရှာဖွေရာတွင် အခက်အခဲများ တိုးလာမည်ဖြစ်ကြောင်း ပြောဆိုကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လူထုထောက်ခံမှုရရှိပါက ၂၀၂၅ ခုနှစ် နှစ်စမှ စတင်ကာ အသက်အရွယ်လျှော့ချ၍ ကျောင်းအပ်နှံရမည့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အပတ်၌ ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကလေးမွေးဖွားနှုန်း အလွန်ကျဆင်းလာသောကြောင့် လုပ်သားအင်အားများ ကျဆင်း‌ေနသဖြင့် ပြည်သူများ၏ ပညာရေးကို စောစွာပြီးမြောက်အောင် လုပ်ဆောင်ကာ လုပ်သားအင်အား တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

ဆရာ၊ ဆရာမ ၃၆ ဦးနှင့် မိဘများ စုပေါင်းထားသောအဖွဲ့ သည် တနင်္လာနေ့၌ သမ္မတရုံးရှေ့တွင် လူထုစုဝေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

မိဘများမှ ထိုသို့ကန့်ကွက်ရခြင်းမှာ ကလေးများ နေ့လယ်ပိုင်း ကျောင်းဆင်းပြီးနောက်ပိုင်း ပြုစုစောင့်ရှောက်ပေးမည့် နေရာများရှာရခက်ခြင်းကြောင့် ဖြစ်သည်။

တောင်ကိုရီးယားရှိ မိသားစုအများစုတွင် မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြရပြီး ကလေးထိန်းဌာနများသည်လည်း ယေဘုယျအားဖြင့် ကလေးများအား စောင့်ရှောက်ပေးရန် တစ်နေကုန်အပ်နှံထားမှသာ လက်ခံကြသည်။

ဆရာ၊ ဆရာမများမှာမူ ငါးနှစ်သားများသည် ကျောင်းတက်ရန် ငယ်ရွယ်လွန်းသည် သာမက မိဘများသည် ကလေးများ ကျောင်းတက်ချိန်မှစ၍ မိမိ ကလေး ထိပ်တန်းရောက်စေရေးအတွက် ပုဂ္ဂလိကကျူရှင်များ ကိုအားကိုးလာမည်ဖြစ်သဖြင့် နှောက်ပိုင်းတွင် ကလေးများ သာမက မိဘများပါ ဝန်ပိလာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု သိရသည်။

ပညာရေးဝန်ကြီးဌာနက အထက်ပါအစီအစဉ်နှင့် ပတ်သက်၍ ပြည်သူများထံမှ လုံလောက်သော တုံ့ပြန်ချက်ရရှိရန် မျှော်လင့်ထားကြောင်းနှင့် ရှေ့ပြေးအစီအစဉ်မစတင်မီ ကလေးထိန်းဌာနနှင့် အခြားပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်-အီရန် နျူကလီးယား သဘောတူညီချက်အောက်ဝယ် အီရန်တွင် ယူရေနီယမ်များစွာသိုလှောင်မှုကို “လုံးဝ” ခွင့်ပြုမည်မဟုတ်ဟု ထရမ့်ဆို

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ ဝါရှင်တန်အစိုးရသည် အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှု ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ "Autopen(ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အလိုအလျောက်လက်မှတ်ထိုးစက်ဖြင့် လက်မှတ်များရေးထိုးခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခြင်း)ဟာ အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှုလုပ်တာကို လွန်ခဲ့တဲ့အချိန်ကတည်းက ရပ်တန့်ခဲ့သင့်တယ်။ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်အောက်မှာ - အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှုကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး!" ဟု သူက Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ မေလ...

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ (၁၀)စီးဖြင့် လေ့ကျင့်ပြင် ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေ(၂၈)ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071