Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalတောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး ‌ေ-သဆုံးသူ လေးဦးထက်မနည်း ရှိခဲ့သည်။ သို့သော်လည်း အဆိုပါရာသီဥတုအခြေအနေသည် လျော့ပါးသက်သာစပြုလာသည့် လက္ခဏာများပြသလာသည်ဟု သိရသည်။

မြို့တော်၏ ရာသီဥတုဆိုင်ရာ အချက်လက်များအရ ဆိုးမြို့တော်တွင် ဆောင်းရာသီ ဆီးနှင်းကျဆင်းမှုသည် ၁၉၀၇ ခုနှစ်ကစသော မှတ်တမ်းတင်ခဲ့မှုများ၌ တတိယမြောက်အပြင်းထန်ဆုံး နှင်းကျဆင်းမှုဖြစ်သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ဆိုးလ်မြို့၏ ဆိပ်ကမ်းများတွင် နံနက် ၈ နာရီခန့်အထိ ဆီးနှင်းကျဆင်းမှုသည် ၄၀ စင်တီမီတာကျော်ရှိခဲ့သောကြောင့် လေကြောင်းခရီးစဉ် ၁၄၀ ကျော်ကို ဖျက်သိမ်းလိုက်ရသည်။ သို့ရာတွင် ကြာသပတေးနေ့နံနက် ၁၀ နာရီ၌ မြို့တော်ဧရိယာတွင် နှင်းထူထပ်စွာကျဆင်းမှုဆိုင်ရာ သတိပေးချက်ကို မိုးလေဝသ တာဝန်ရှိသူများက ရုပ်သိမ်းခဲ့သည်။

ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဂေါက်ကွင်းတစ်ခု၌ နှင်းဖုံးနေသော ပိုက်ကွန် ပြိုကျခဲ့၍ လူတစ်ဦး‌ေ-သဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကားရပ်နားရာ နေရာ တစ်ခုတွင် တဲပြိုကျသဖြင့် နောက်ထပ် တစ်ဦး ထပ်မံ‌ေ-သဆုံးခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်။

မြို့တော်၏ အရှေ့ပိုင်း အဝေးပြေးလမ်းများတွင် ယာဉ်မတော်တဆမှုများကြောင့်လည်း အနည်းဆုံး လူနှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ Gangwon ပြည်နယ် Wonju မြို့ရှိ အဝေးပြေးလမ်းတစ်ခုတွင် ဗုဒ္ဓဟူးနေ့ညပိုင်းက ယာဉ် ၅၃ စီး စုပြုံဆင့်တိုက်ခဲ့မှုကြောင့် လည်း လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဆိုးမြို့တော်၏ အဓိကလေဆိပ်ဖြစ်သော အင်ချွန်းသည် ရာသီဥတုဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ခရီးသည်များသည် ပျှမ်းမျှအားဖြင့် အချိန် ၂ နာရီခန့် နှောင့်နှေးကြန့်ကြာခဲ့သည်။ ကြာသပတေးနေ့တွင် လေယာဉ်ခရီးစဉ် ၁၄ ရာခိုင်နှုန်းသည် ကြန့်ကြာမှုဖြစ်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းသည် ဖျက်သိမ်းခဲ့ရသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြသည်။

ကြာသပတေးနေ့တွင် လေကြောင်းခရီးစဉ် ၁၄၂ ခုကို ဖျက်သိမ်းခဲ့ရပြီး လမ်းကြောင်း ၇၆ ခုရှိ ကူးတို့ရေယာဉ် ၉၉ စင်း၏ ပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့ရသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့ပြီး ရထားခရီးစဉ်များလည်း ကြန့်ကြာခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071