Looking for something?

Explore the website

Looking for something?

Saturday, June 7, 2025

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀)...

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...
HomeInternationalတောင်ကိုရီးယားသည် ယခုနှစ်အတွင်း ပြည်ပလုပ်သား...

တောင်ကိုရီးယားသည် ယခုနှစ်အတွင်း ပြည်ပလုပ်သား တစ်သိန်းကျော် ခေါ်ယူသွားမည်

ပိုချွန်း/ တောင်ကိုရီးယား၊ ဇန်နဝါရီ ၂၆

တောင်ကိုရီးယားသည် ယခုနှစ်အတွင်း ၎င်းနိုင်ငံရှိ လယ်ယာနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပြည်ပလုပ်သား တစ်သိန်း တစ်သောင်းခန့်ကို ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

တောင်ကိုရီးယား လူငယ်များသည် လယ်ယာနှင့် စက်ရုံကဲ့သို့သော ညစ်ပတ်၍ အန္တရာယ်များသော အလုပ်များကို ရှောင်ဖယ်လာကြသောကြောင့် အဆိုပါ ကဏ္ဍများသည် လက်ရှိတွင် အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

“ပြည်ပလုပ်သား အလုပ်သမားတွေ အများကြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လယ်ကွင်းမှာ ဒေသခံလုပ်သား ၂၀ ရာခိုင်နှုန်းပဲရှိပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက တကယ်တော့ နိုင်ငံခြား အလုပ်သမားတွေဖြစ်ပြီး လယ်ယာထွက်ကုန်တွေကိုလည်း သူတို့ကပဲ စိုက်ပျိုးထုတ်ပေးတာပါ” ဟု ပိုချွန်းမြို့ ရှိ ဖန်လုံအိမ် စိုက်ပျိုးရေးခြံပိုင်ရှင် မစ္စတာကင်က ပြောသည်။

ကိုရီးယား စီးပွားရေးလုပ်ငန်းများ အဖွဲ့ချုပ်၏ လေ့လာချက်အရ ယခုနှစ်အတွင်း နိုင်ငံတွင်းသို့ ခေါ်ယူမည့် ပြည်ပ အလုပ်သမားအသစ် တစ်သိန်းတစ်သောင်းသည်ပင် လိုအပ်နေသည့် လုပ်သားပမာဏနှင် နှိုင်းယှဉ်ပါက လုံလောက်မှုမရှိကြောင်း သိရသည်။ 

အဆိုပါ ပြည်ပလုပ်သားများ မရှိပါ တောင်ကိုရီးယားရှိ အချို့သော လယ်ယာများနှင့် စက်ရုံများတွင် အလုပ်သမားပင်မရှိဘဲ ဖြစ်နေလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀) ကျော် ခွင့်ပြုထား

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့်တင်ပို့ခွင့်များကို လျှောက်ထားသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လျှောက်ထား သူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်းညွှန်းပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာစသဖြင့် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများသည် ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာန မြေဩဇာစစ်ဆေးရေးအဖွဲ့က ထောက်ခံစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင်...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071