Monday, May 19, 2025

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...
HomeInternationalတောင်ကိုရီးယားနှင့်ကနေဒါတို့ အရေးပါသောတွင်းထွက်ပစ္စည်းဆိုင်ရာ ပူးပေါင်းမှုပြုလုပ်ရန်ကြိုးပမ်းလျက်ရှိ

တောင်ကိုရီးယားနှင့်ကနေဒါတို့ အရေးပါသောတွင်းထွက်ပစ္စည်းဆိုင်ရာ ပူးပေါင်းမှုပြုလုပ်ရန်ကြိုးပမ်းလျက်ရှိ

တောင်ကိုရီးယားနှင့်ကနေဒါတို့ အရေးပါသောတွင်းထွက်ပစ္စည်းဆိုင်ရာ ပူးပေါင်းမှုပြုလုပ်ရန်ကြိုးပမ်းလျက်ရှိ

အော့တဝါ၊စက်တင်ဘာ ၂၄

‌တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်နှင့်ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုတို့သည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်အတွက် အစားထိုးအသုံးပြုသည့် လျှပ်စစ်ကားဘက္ထရီများ၌ပါဝင်သော အရေးပါသည့် တွင်းထွက်ပစ္စည်းဆိုင်ရာကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်းသိရှိရသည်။

သမ္မတယွန်းသည် ဘုရင်မကြီးအဲလိဇဘက်၏ ဈာပနအခမ်းအနားအတွက် လန်ဒန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ၎င်း၏ပထမဆုံးသော အမေရိကန်ခရီးစဉ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နူးယော့ခ်သို့သွားခဲ့ပြီး ကြာသပတေးနေ့၌ ကနေဒါသို့ရောက်ရှိခဲ့သည်။  

သောကြာနေ့၌ ယွန်းသည် အာတဝါတွင် ထရူဒိုနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးသည် သတင်းထောက်များအား တွေ့ဆုံစကားပြောခဲ့ကြသည်။

“မစ္စတာယွန်းနဲ့ ကျွန်တော်ဟာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ပစ္စည်းတွေ၊ လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေ၊ Al (ဥာဏ်ရည်တု) အပါအဝင် ထွန်းသစ်စ နည်းပညာနယ်ပယ်အမျိုးမျိုးမှာ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ထရူဒို ကသတင်းထောက်များကို ပြောကြားခဲ့သည်။

ကနေဒါတွင် လစ်သီယမ်၊ကိုဘော့နှင့် နီကယ်ကဲ့သို့သော အရေးပါသည့် သတ္တုများစွာရှိပြီး ယင်းတို့ကို လျှပ်စစ်ကားများအတွက် ဘက္ထရီများထုတ်လုပ်ရန် အသုံးပြုလျက်ရှိသည်။အစိုးရကလည်းထုတ်လုပ်သူများကို အတိုင်းအတာတစ်ခုအထိ ကူညီရန်ကြိုးပမ်းနေသည်ဟုသိရှိရသည်။

“ကနေဒါသည် သတ္တုများထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်းအဖြစ်ရှိနေပြီး အဓိက တစ်ပိုင်းလျှပ်ကူး နှင့် ဘက္ထရီထုတ်လုပ်သည့်ကိုရီးယားနိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြသည်” ဟု ယွန်းကစကားပြန်မှတဆင့် ပြောကြားခဲ့သည်။

“ပြောင်းလဲနေသောကမ္ဘာ့အစီအစဉ်မှ ထွက်ပေါ်လာသည့် စိန်ခေါ် မှု များကိုတုံ့ပြန်ရန်နိုင်ငံနှစ်နိုင်ငံအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက သတ္တုအရင်းအမြစ်ကဏ္ဍအတွက်အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံသည် ၎င်းတို့၏ ထောက်ပံ့မှုကွင်းဆက်၏ ပြန်လည်ရုန်းထ နိုင်စွမ်းအပေါ်  မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြပြီး အရေးကြီးသော တွင်းထွက်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်၊ဘက္ထရီနှင့် လျှပ်စစ်ကားထုပ်လုပ်မှုတွင်ယှဉ် ပြိုင် နိုင်စွမ်းရှိသောထုတ်လုပ်သူများအဖြစ် ရပ်တည်ရန် ကြိုးပမ်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ယင်းနောက် အရေးကြီးသောသတ္တုဓာတ်များနှင့်စပ်လျဉ်း၍ သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းမှုနှင့် စွမ်းအင်ဖူ လုံရေးကိုပံ့ပိုးကူညီရန် လာမည့်လများအတွင်းနားလည်မှုစာချွန်လွှာတစ်ခု‌ရေးထိုးရန်လည်းနှစ်နိုင်ငံသဘောတူခဲ့ကြသည်။

Source -Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071