တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။
နေအိမ်များ ရေမြုပ်ကုန်ကာ မော်တော်ယာဉ်များ ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်အတွင်း လူသေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် မိုးရွာသွန်းမှုများစတင်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစကာ ယခုအချိန်အထိ နိုင်ငံတစ်ဝန်း သေဆုံးဦးရေသည် ၁၄ ဦးသို့ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ၁၂ ဦးရှိနေဆဲဖြစ်သည်။
အစောပိုင်းက နိုင်ငံ၏ တောင်ပိုင်းဒေသများကို သက်ရောက်ခဲ့သော မိုးသည်းထန်မှုသည် ညပိုင်းတွင် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ကြောင်းနှင့် နောက်ရက်တွင် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း အစိုးရမိုးလေဝသဌာနက ပြောကြားခဲ့သည်။ မိုးအပြီးတွင် အပူလှိုင်း ကျရောက်လာနိုင်သည်ဟုလည်း ခန့်မှန်းခဲ့သည်။
လူမှုအသိုက်အဝန်းများသည် ရာသီဥတုဆိုးဝါးမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့ခံစားနေရသဖြင့် အာဏာပိုင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ Ref:Arise News
