Monday, May 19, 2025

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...
HomeInternationalတောခုတ်ဓားကိုင်တိုက်ခိုက်မှု နယူးယောက်ရဲအရာရှိ ၃ဦး...

တောခုတ်ဓားကိုင်တိုက်ခိုက်မှု နယူးယောက်ရဲအရာရှိ ၃ဦး ဒဏ်ရာရ

နယူးယောက်မြို့၏ နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားကျင်းပသည့်နေရာနှင့် မလှမ်းမကမ်းတွင် တောခုတ်ဓားကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက နယူးယောက်ရဲတပ်ဖွဲ့(NYPD)မှ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သဖြင့် ရဲအရာရှိ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း NYPD က တနင်္ဂနွေနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ နယူးယောက်မြို့တော်၏ နှစ်စဉ်နှစ်သစ်ကူးကြိုဆိုပွဲအတွက် လူထောင်ပေါင်းများစွာ စုဝေးနေသည့် Times Square မှ ရှစ်ဘလောက်အကွာအဝေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူ ၃ ဦးအနက် ၂ ဦးမှာ ဦးခေါင်းကိုထိခဲ့သဖြင့် ဆေးရုံတင်ကုသထားသည်။ ယင်း ၂ဦးအနက် တစ်ဦးမှာ တပ်ဖွဲ့ဝင် အသစ်ဖြစ်ပြီး သူ၏ ပထမဆုံး ကင်းလှည့်တာဝန်ကျသည့်နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အခြားတစ်ဦးမှာမူ NYPD တွင် လုပ်သက် ၈ နှစ်ရှိ ဝါရင့်ရဲအရာရှိဖြစ်ကာ ပြတ်ရှဒဏ်ရာဆိုးဆိုးရွားရွားခံစားခဲ့ရသဖြင့် ဆေးရုံသို့ပင် တင်ပို့ကုသထားသည်။ ဒဏ်ရာရသူ ၃ ဦးစလုံး၏ ကျန်းမာရေးအခြေအနေမှာ ယခုအခါတွင် တည်ငြိမ်လျှက်ရှိပြီး ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း NYPD ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

တောခုတ်ဓားဖြင့် တိုက်ခိုက်သူမှာ အသက် ၁၉ နှစ်အရွယ်ရှိ Trevor Bickford ဆိုသူလူငယ်တစ်ဦးဖြစ်သည်။

Trevor Bickford ၏ အဒေါ်ဖြစ်သူက ပြည်ပသို့သွားရောက်ပြီး အစွန်းရောက်များနှင့် လက်တွဲကာ တိုက်ခိုက်လိုကြောင်း အွန်လိုင်းတွင် ပို့စ်တစ်ခုရေးသားခဲ့ပြီးနောက် Trevor Bickford အားလည်း FBI က အကြမ်းဖက်စောင့်ကြည့်စာရင်းတွင် ထည့်သွင်းစောင့်ကြည့်ခြင်း ခံနေရသူဖြစ်ကြောင်း သိရသည်။

NYPD နှင့် FBI ပူးပေါင်းအဖွဲ့က တရားခံဖမ်းမိရေး စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်းသိရသည်။

Ref: 3 New York City officers injured in machete attack, suspect shot near New Year’s Eve ball drop

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သက်တမ်း ၁၄၂ နှစ်ရှိ တံတားကြီးသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့သော်လည်း သင်္ဘောပေါ်ပါ ၁၉ ဦးသည် ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု နူးယော့ခ် မြို့တော်ဝန် အဲရစ် အဒမ်စ်က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် လူလေးဦးအနက် နှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု အဒမ်စ်က တနင်္ဂနွေနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။ သင်္ဘောတို-က်မိရသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071