Thursday, June 19, 2025

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ...

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို...

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်)...

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင်...

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊...

ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ဇွန်လ ၂၂ ရက်‌နေ့နောက်ပိုင်းတွင် တို-က်ရို-က်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeInternationalတေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆...

တေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆ ခုကို ပြန်လည်ဝယ်ယူခဲ့

နူးယော့ခ်၊ ဇွန် ၁၁

တေလာဆွစ်ဖ်သည် သူ၏တေးဂီတများကို မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။ သောကြာနေ့က သူရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ရှည်လျားတဲ့ပို့စ်ထဲမှာ ဆွစ်ဖ်က “ကျွန်မ အခုလုပ်ဖူးခဲ့တဲ့ သီချင်းအားလုံးက ကျွန်မပိုင်တဲ့အရာ တွေပါပဲ” ဟု ကြေညာခဲ့ပါသည်။

ပေါ့ပ်စတား ဆွစ်ဖ်သည် မူရင်းထုတ် Big Machine Records မှ ထွက်ရှိထားသည့် ၎င်း၏သီချင်းအသံသွင်းကတ်တလောက်ကို ၎င်း၏ လတ်တလောပိုင်ရှင်ဖြစ်သော ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီ ရှမ်ရော့ခ် ကတ်ပီတယ်ထံမှ ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝယ်ယူခဲ့သည့် ပမာဏကို ထုတ်ဖော်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

မကြာသေးမီနှစ်များအတွင်း၊ ဆွစ်ဖ်သည် ၎င်း၏တေးဂီတ မူပိုင်ခွင့်ကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုအနေဖြင့် ၎င်း၏ပထမဆုံးအယ်လ်ဘမ်ခြောက်ခုကို ပြန်လည်မှတ်တမ်းတင်အသံသွင်းကာ ထုတ်ဝေခဲ့သည်။

“ကျွန်မ ဘဝအတွက် ရည်စူးထားတဲ့ ဒီအနုပညာနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကူညီပေးခဲ့တဲ့အတွက် ပရိတ်သတ်များကို ကျေးဇူးအများကြီးတင်ကြောင်း” ဆွစ်ဖ်က ပရိသတ်တွေအတွက် ပို့စ်တင်ခဲ့ပါသည်။ “ကျွန်မဘဘ၀ရဲ့ အကောင်းဆုံးအရာတွေ… နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့တယ်”ဟု ဆွစ်ဖ် ကပြောကြားခဲ့သည်။

“ဒီရလဒ်အတွက် ကျွန်တော်တို့ ပီတိဖြစ်ပြီး တေလာအတွက် အရမ်းပျော်ရွှင်မိပါတယ်” ဟု ရှမ်ရော့ခ် ကတ်ပီတယ် (Shamrock Capital) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွစ်ဖ် ၏ ပြန်လည်မှတ်တမ်းတင်ခြင်းများသည် Hybe America ၏ CEO Scooter Braun က သူ၏ မူလသီချင်းစုစည်းမှုကို ဝယ်ယူပြီး ပြန်လည်ရောင်းချမှုမှ စတင်ခဲ့ပြီး ၎င်းသည် ဆွစ်ဖ်၏ သီချင်းများကို ကိုယ်ပိုင်ထိန်းချုပ်ခြင်းနှင့် သီချင်းများ အသုံးပြုခြင်းပုံစံကို ထိန်းချုပ်လိုသော ကြိုးပမ်းမှုမှ စတင်ခဲ့ပါသည်။

ယခင်ထုတ်ဝေခဲ့သော “Taylor’s Version” များသည် ရိုးရာသာမန်ပြန်လည်မှတ်တမ်းတင်ခြင်းများထက် ပိုမိုကွဲပြားပြီး၊ အသစ်ထည့်သွင်းထားသော “from the vault” တေးသီချင်းအသစ်များ၊ အီစတာကြက်ဥများ (ဖန်တီးမှုအဓိပ္ပာယ်များဖော်ပြသည့် ပျော်စရာသေးငယ်သောအချက်များ) နှင့် သူ၏လက်ရာများကို နက်ရှိုင်းစွာနားလည်စေသော ရုပ်ပုံများပါဝင်ကြောင်း သိရသည်။

ဘရောန် က “သူ့ အတွက် ကျွန်တော် ပျော်ရွှင်ပါတယ်”ဟု သောကြာနေ့က ပြောကြားခဲ့သည်။

သူသည် ပြီးခဲ့သည့်နှစ်က “The Tortured Poets Department” အပါအဝင် တေးသီချင်းအသစ်များကို ၂၀၂၄ ဂရမ်မီတွင် ကြေညာခဲ့ပြီး ၎င်း၏ စံချိန်ချိုးဖျော်ဖြေရေးခရီးစဉ်အတွင်း စတင်ထုတ်ဝေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် “Fearless (Taylor’s Version)” နှင့် “Red (Taylor’s Version)” တို့မှ စတင်၍ အသံသွင်းထားသည့် အယ်လ်ဘမ် လေးခုရှိခဲ့သည်။ ၄ ခုစလုံးသည် ကြီးမားသော စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုများကြီးမားခဲ့ပြီး တစ်ခုချင်းစီသည် Billboard ၂၀၀ စာရင်းတွင် နံပါတ် ၁ ဖြင့် ပွဲဦးထွက်ခဲ့ခြင်းဖြစ်သည်။

ဆွစ်ဖ် ၏နောက်ဆုံးရိုက်ကူးမှုဖြစ်သော “၁၉၈၉ (Taylor’s Version)” သည် “Speak Now (Taylor’s Version)” ထွက်ရှိပြီး လေးလအကြာ အောက်တိုဘာလ ၂၀၂၃ တွင် ထွက်ရှိလာခဲ့သည်။ ထိုနှစ်တွင်ပင် ဆွစ်ဖ်သည် သမိုင်းတစ်လျှောက် နံပါတ် ၁ အယ်လ်ဘမ်အများဆုံးရရှိသည့် အမျိုးသမီးအဖြစ် စံချိန်တင်ခဲ့သည်။

ပရိတ်သတ်များက မျှော်မှန်းထားသည်က “Reputation (Taylor’s Version)” ကို နောက်တစ်ခုအဖြစ် ထွက်ရှိနိုင်မယ်ဆိုသည်ပင် ဖြစ်ပါသည်။

မေလ ၁၉ ရက်နေ့မှာမူ “The Handmaid’s Tale” ရုပ်မြင်သံကြား စီးရီး Season ၆ ၏ ဖွင့်ပွဲအစတွင် “Look What You Made Me Do (Taylor’s Version)” သီချင်းကို များစွာနားဆင်ရခဲ့သည်။

၎င်းမတိုင်မီမှာမူ ၂၀၂၃ ခုနှစ် Prime Video ၏ လျှို့ဝှက်မှု thriller limited-series “Wilderness” နှင့် ၂၀၂၄ ခုနှစ် Apple TV+ ၏ “The Dynasty: New England Patriots” တွင်လည်း သီချင်းကို အနည်းငယ် ဖော်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်တွင် သူသည် Prime Video ၏ “The Summer I Turned Pretty” တွင် “Delicate (Taylor’s Version)” သီချင်းကိုလည်း ပါဝင်သီဆိုခဲ့ပါသည်။

သို့သော် သောကြာနေ့တွင် တင်ထားသောပို့စ်အရ ဆွစ်ဖ် ကသူသည် “၎င်းဘဝ၏လေးပုံတစ်ပုံကို မှတ်တမ်း တင်ထားခြင်းမရှိ” ဟုပြောကြားခဲ့သည်။

သို့သော်လည်း သူသည် ၎င်း၏ကိုယ်ပိုင်အမည်ရှိ ပွဲဦးထွက်အယ်လ်ဘမ်ကို လုံးဝမှတ်တမ်းတင်ထားပြီး “ယခုအသံကို ငါတကယ်နှစ်သက်ပါသည်” ဟု ပြောကြားခဲ့သည်။

ဆွစ်ဖ်က သူကိုယ်တိုင် ပွဲဦးထွက်ခြင်းနှင့် “Reputation (Taylor’s Version)” နှစ်ခုစလုံးသည် “ထွက်ပေါ်သင့်သောအချိန်တွင် ပြန်လည်ထွက်ပေါ်လာရန် အချိန်များရှိပါသေးသည်” ဟု ရေးသား ထားသည်။

ဆွီဖ် နှင့် HYBE ကိုယ်စားလှယ်များသည် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထား

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို ဘေးလွတ်ရာ အလွယ်တကူပြောင်းရွှေ့နိုင်ရန် စက်လှေများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၌ ရေဘေးကယ် ဆယ်ရေးဇာတ်တို-က် လေ့ကျင့်ခဲ့ကြသေးသည်။ မန္တလေး ငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အချို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင်ခြင်းသင်တန်းများကို လေ့ကျင့်လျက်ရှိသည်ကို တွေ့ရသည်။

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်) အပါအဝင် မြို့ (၄) မြို့တွင် လျှောက်ထားနိုင်

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅,၆၀၀)ကျော် ထုတ်ပေးထားကြောင်းလည်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များကို ချထားပေးလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊ ရတနာသိင်္ဂီ(ပရဟိတ)သီလရှင်စာသင်တိုက်အား ကျပ်သိန်း(၅၀၀)၊ ခရစ္စတီယာန်တို့အားမှိုင်းမတော်မူသော သခင်မဘုရားကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ ခရစ်တော်ဘွဲ့ခံ ကသီဒြယ်ဘုရားကျောင်းအား ကျပ်သိန်း(၁၀၀)တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နားကက်သလစ် ခရစ်ယာန်ဘု ရားကျောင်းအား ကျပ်သိန်း(၁၅၀)၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအား ကျပ်သိန်း(၂၅၀)၊ အစ္စလာမ် ဇာရိုကီရာစာသင်ကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071