Friday, December 5, 2025

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင်...

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍...
HomeInterviewsတိုယိုတာက ထိုင်းနိုင်ငံ EV...

တိုယိုတာက ထိုင်းနိုင်ငံ EV ဈေးကွက်ထဲဝင်ရောက်တော့မည်

ဘန်ကောက်၊နိုဝင်ဘာ ၁၀

တိုယိုတာကုမ္ပဏီသည် အစိုးရထောက်ပံ့ကြေးများအပေါ်အမှီပြုလျက် ထိုင်းနိုင်ငံလျှပ်စစ်ကားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ခြေကုပ်ယူနိုင်ရန်ကြိုးစားနေပြီး ထိုင်းနိုင်ငံ၌လျှပ်စစ်ကားများကိုစတင်ရောင်းချမည်ဖြစ်ကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံတွင်စတင်မိတ်ဆက်ရောင်းချမည့် bZ4X အမည်ရှိလျှပ်စစ်ကားသည် တိုယိုတာ၏နာမည်ကြီး Lexus အမှတ်တံဆိပ်ဇိမ်ခံကားပြီးနောက် ပထမဆုံးထုတ်လုပ်သည့်လျှပ်စစ်ကားဖြစ်ကြောင်းလည်းသိရှိရသည်။ဂျပန်၌ထုတ်လုပ်မည့်အဆိုပါလျှပ်စစ်ကားကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ သန်း(ဒေါ်လာ ၄၉,၉၀၀) နှှင့်ရောင်းချမည်ဖြစ်ပြီး အရောင်ခြောက်မျိုးဖြင့်ထုတ်လုပ်မည်ဟုသိရှိရသည်။

bZ4X အမျိုးအစားလျှပ်စစ်ကားသည် တစ်ကြိမ်အားသွင်းထားပြီးလျှင် ခန့်မှန်းခြေကီလိုမီတာ ၄၀၀ အထိသွားနိုင်ကြောင်းဖော်ပြထားပြီး ထိုအကွာအဝေးသည်လျှပ်စစ်ကားများထဲတွင် အမြင့်ဆုံးသွားနိုင်သည့်အကွာအဝေးဖြစ်ကြောင်းသိရှိရသည်။

တိုယိုတာသည်ထိုင်းနိုင်ငံ၏ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၂၄၀,၀၀၀ အထိရောင်းချနိုင်ခဲ့သည်။ယခုထပ်မံထုတ်လုပ်သည့် bZ4X လျှပ်စစ်ကားများအတွက်လည်း အရောင်းရဆုံးအဆင့်တွင်ဆက်လက်ရပ်တည်ဖို့မျှော်မှန်းထားသည်။သို့သော် ဂျပန်နှင့်ယှဉ်ပါကဈေးပိုသက်သာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများနှင့်ယှဉ်ပြိုင်ရောင်းချရဦးမည်ဖြစ်သည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် တရုတ် BYD ကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ အသေးစားလျှပ်စစ်ကားအမျိုးအစား SUV ATTO3 အား ဘတ် ၁ ဒသမ ၂ သန်းဖြင့်ရောင်းချပေးနေကြောင်းသိရှိရသည်။

Source :Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင် ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ် က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင်...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော် ကျဆင်း

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးတွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတသည် မဟာမြတ်မုနိဘုရားကြီးအားဖူးမြှော်ကြည်ညိုပြီးနောက် ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းပြီး ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမတို့တွင် ငလျင်ဒဏ်ဖြစ်ပေါ်ချိန်၌ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့်မြေခခဲ့ရသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071