Saturday, December 13, 2025

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ဆက်သွယ်လာမှုအရ EAOs...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ဆက်သွယ်လာမှုအရ EAOs အခြေစိုက်ရာနေရာ များတွင်ပါ ကာကွယ်ဆေးထိုးပေးနိုင်ရေး နစက စီစဉ်နေ

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သက်ပြီး တပ်မတော်ထံ ဆက်သွယ်ထံ ဆက်သွယ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ရှိနေတဲ့ အတွက် EAOs အခြေစိုက်ရာနေရာများတွင်ပါ ကာကွယ်ဆေးထိုးပေးနိုင်ရေး နစက စီစဉ်နေတယ်လို့သိရပါတယ်။

ဆက်သွယ်လာတဲ့ အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး နစက ဘက်က အသေးစိတ်ထုတ်ပြန်တာတွေ မလုပ်သေးပါဘူး။

နစကဥက္ကဌ ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ၎င်းတိုနယ်မြေများအတွင်း ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး ဆက်သွယ်လာခြင်းများ ရှိနေကြောင်းထုတ်ဖော်ပြော ဆိုထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများက တာဝန်ရှိသူတွေကို သက်ဆိုင်ရာ EAOs နယ်မြေတွေမှာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဦးစားပေးအုပ်စုအလိုက် စာရင်း ပြုစု ဆောင်ရွက်ကြဖို့ မှာကြားထားတာရှိပါတယ်။

တပ်မတော်ဘက်က NCA လမ်းကြောင်းပေါ် ရပ်တည်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေငြာထားတဲ့ အဖွဲအစည်းတွေကလွဲလို့ ကျန်မည်သည့်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ မဆို တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။

နစက ဥက္ကဌက တိုင်းရင်းသား လက်နက်ကိုင် အဖွဲတွေကို ငြိမ်း ချမ်းရေး အမှန်တကယ် လိုချင်ပါက ငြိမ်းချမ်းရေးကို အခြေခံတဲ့ အပြုအမူ၊ အပြောဆို၊ အလုပ်အကိုင်များရှိ ရန်လိုပြီး NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ အဖွဲတွေ အနေနဲ့လည်း NCA ပါအချက်များအား ထိန်း သိမ်းဆောင်ရွက်မည် ဆိုပါက ငြိမ်းချမ်းရေးပေါ်တွင် ပူး ပေါင်းဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ အပေါ်တွင် ပူးပေါင်း ဆောင်ရွက်ခြင်းပင် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး လက်မှတ်ထိုးခြင်း မထိုးခြင်းထက် ပူးပေါင်းဆောင်ရွက်မှု၊
လိုက်နာဆောင်ရွက်မှု အပြည့်ရှိရန် လိုပြီး ငြိမ်းချမ်းရေးတွင် ပါးစပ်ကပြောနေ၍ မရဘဲ လက်တွေ့လိုက်ပါ လုပ်ဆောင် ရန်နဲ့ ကတိကဝတ်များ တည်ရန် လိုအပ်သလို ကိုယ်တိုင် လည်း ကြိုးစားအားထုတ်ရန် လိုတယ်လို့ နစကဥက္ကဌက ပြောဆိုထားတာရှိပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက ဆွေးနွေးပွဲတွေကတော့ လုပ်ဖြစ်ကြမယ်ထင်ပါတယ်။ အခုက ကိုဗစ် နဲ့အလုပ်များနေကြတော့ သွားရေးလာရေးကိစ္စတွေလဲ အကန့်သတ်တွေရှိနေပါတယ်လို့ သုံးသပ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း သူက တရုတ်နယ်စပ် ဖက်မှာရှိတဲ့ EAOs တွေတော့ ညှိနိုင်းဆောင်ရွက်မှုတွေ လမ်းကြောင်းတွေ ရှာပြီးတော့ ကာကွယ်ဆေး ထောက်ပံ့မှုတချို့ကို ရရှိကြတယ်လို့ကြားပါတယ်လို့ ပြောပါတယ်။

ဆက်ပြီး သူက ငြိမ်းချမ်းရေးအတွက်ကတော့ မူလ NCA လမ်းကြောင်းဆိုတာထက် NCA+ ပေါ့နော် ပိုပြီး Proactive Engagement ကိုလုပ်ဖို့ တပ်မတော် ဖက်ကရော EAOs တွေဖက်ကရော Will ရှိဖို့လိုအပ်ပါလိမ့်မယ်လို့ မှတ်ချက်ပြုသုံးသပ်စကားဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071