Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeNewsLocal Newsတိုင်းပြည်ကို အကောင်းဆုံးသောစောင့်ရှောက်ခြင်းသည် စီးပွားရေးမြှင့်တင်ပေးခြင်းပင်ဖြစ်

တိုင်းပြည်ကို အကောင်းဆုံးသောစောင့်ရှောက်ခြင်းသည် စီးပွားရေးမြှင့်တင်ပေးခြင်းပင်ဖြစ်

နိုင်ငံတိုးတက်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၂/၂၀၂၃)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရ၏ စီးပွားရေးလုပ်ငန်းများတွင် ဝင်ငွေနှင့်အသုံးစရိတ် မျှတမှုမရှိသည့် လုပ်ငန်းများရှိနေ၍ ဝင်ငွေနှင့်သုံးငွေ မျှတမှုရှိရန်လည်း ဆောင်ရွက်ရမည်ဟုနစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။ တိုင်းပြည်အား အကောင်းဆုံးသောစောင့်ရှောက်ခြင်းသည် စီးပွားရေးမြှင့်တင်ပေးခြင်းပင်ဖြစ်၍ စီးပွားရေးမြင့်တက်အောင် ဆောင်ရွက်ရမည်ဟု ဆိုသည်။

ယခင် အစိုးရလက်ထက်က စီမံခန့်ခွဲမှုလွဲမှားမှုများကြောင့် အချို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ရခြင်း၊အချို့လုပ်ငန်းများသည် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိသော်လည်း လစာငွေပေးချေထားရခြင်းများနှင့်ထိန်းသိမ်းမှုကုန်ကျစရိတ်များ များစွာရှိနေ​ကြောင်း​ပြောသည်။

ထို့ကြောင့် ရပ်တန့်ထားသည့် စက်ရုံများသည် နိုင်ငံ့အတွက်အရှုံးများသာဖြစ်၍ ပြန်လည်လည်ပတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ရာတွင်လည်း အကုန်အကျအနည်းဆုံးနှင့်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန်၊ မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများမဖြစ်ပေါ်စေရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

“မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းမရှိရင် အရေးယူတာတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်၊ ဦးစီးခေါင်းဆောင်ရတဲ့ တာဝန်ရှိသူတွေအနေနဲ့ မိမိတို့ ရဲ့ လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်တဲ့ လမ်းညွှန်ချက်တွေ ချမှတ်သွားဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက​ပြောကြားသည်။

လာမည့်ကာလတွင် ပို့ဆောင်ရေး၊ပညာရေး၊ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်ရန်၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား မဖြစ်မနေဆောင်ရွက်ရန်၊ပညာရေးတွင် KG 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ကူးပြောင်းသင်ကြားနိုင်ရန်၊နောင်ကျင်းပမည့် အခမ်းအနားများနှင့်ပတ်သက်၍ ဘာသာရေး၊နိုင်ငံရေး သက်ဆိုင်ရာကဏ္ဍအလိုက်အခမ်းအနားများအား ရိုးရာအစဉ်အလာမပျက် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်ရန်စသည့် တရားဥပဒေစိုးမိုးရေး၊တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက်ညှိနှိုင်းဆောင်ရွက်သွားကြရမည်တို့ကို​ဆွေး​နွေး​ပြောကြားခဲ့သည်။

တိုင်းပြည်သာယာဝပြော၍ ဝင်ငွေရှိနေပါက ၎င်းတို့၏ လူမှုဘဝမြင့်တက်လာမည်ဖြစ်ပြီး လူမှုဘဝမြင့်တက်လာပါက မိမိ၏လူမှုဘဝအား အထိခိုက်ခံအပျက်ဆီးခံမည်မဟုတ်တော့၍ ကောင်းမွန်သည့် Approach သွားမည်ဖြစ်ကာ မကောင်းသည့် Approach ဘက်သို့သွားမည်မဟုတ်တော့ဟု နစက ဥက္ကဋ္ဌကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071