အားကောင်းသော အပူပိုင်းမုန်တိုင်း“ဝူတစ်”မှ ပြ-တ်ထွက်လာသောတိမ်တို-က်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ဇွန် ၁၃ ရက်မှ ဇွန် ၁၉ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာ သွန်းနိုင်သည်ဟု မိုးဇလက အသိပေးခဲ့သည်။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် အချို့ဒေသများတွင်လည်း ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိရှိနိုင်သည့် မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်လည်း မိုးဇလကအသိပေးခဲ့သည်။