မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့လည် ၃ နာရီခန့်က မန္တလေးငလျင်ဒဏ်သင့်ခဲ့မှုကြောင့် ဖြိုလက်စတိုက်အားဖြိုချစဥ် ပြိုကျပြီးဘေးအိမ်ပေါ်သို့ပိမိပြီး အမျိုးသားကြီး(၁) ဦးပိတ်မိခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းနောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ ငလျင်ဒဏ်သင့်ခဲ့သော ဖြိုလက်စတိုက်အားဖြိုရာမှ ဘေးအိမ်ပေါ်သို့ပိမိကာ အမျိုးသားကြီး(၁)ဦးပိတ်မိနေသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအ သင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေသည့်နေရာသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှလည်း လာရောက်ကြည့်ရှုစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်မှုပြုလုပ်ရာတွင် လူအင်အားနှင့် ရှာ ဖွေကယ်ဆယ်ရေးကိရိယာများအသုံးပြုခဲ့ကြသဖြင့် ပိတ်မိနေသောအမျိုးသားကြီးအား ညနေပိုင်းတွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာအချို့ရရှိထားသဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။Photo – Ko Than Htay
