Monday, June 2, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeInternationalတိုက်ပွဲအခြေအနေပိုပြင်းထန်လာနိုင်ဟု ယူကရိန်းအားပူတင်သတိပေး

တိုက်ပွဲအခြေအနေပိုပြင်းထန်လာနိုင်ဟု ယူကရိန်းအားပူတင်သတိပေး

တိုက်ပွဲအခြေအနေပိုပြင်းထန်လာနိုင်ဟု ယူကရိန်းအားပူတင်သတိပေး

ဆမာကမ်ထ်၊စက်တင်ဘာ ၁၇

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်း၏တန်ပြန်တိုက်ခိုက်မှုအပေါ် အပြုံးဖြင့်သာတုံ့ပြန်ခဲ့သော်လည်း ၎င်း၏တပ်များကိုထပ်မံဖိအားပေးပါက ရုရှားအ‌နေဖြင့် ပိုမိုပြင်းထန်စွာတုံ့ပြန်သွားမည်ဟု စက်တင်ဘာ ၁၆ ရက်သောကြာနေ့ကသတိပေးခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကမ်ထ်မြို့၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထပ်သီးဆွေးနွေးပွဲအပြီး၌ ပူတင်က ၎င်းတို့အနေဖြင့်ယူကရိန်းကိုကျူးကျော်ခြင်းသည် ရုရှားကိုခွဲထုတ်ရန်အနောက်တိုင်းကကြံစည်သည့်အတွက် လိုအပ်သဖြင့်လုပ်ရခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

မော်စကိုအနေဖြင့် ယူကရိန်းအ‌ရေးမှာ အလျင်စလို မဖြစ်ခဲ့ဘူးသလို သူ့ရဲ့ ရည်မှန်းချက်တွေက လဲမပြောင်းလဲပါဘူးဟု၎င်းကဆိုခဲ့သည်။

ကိဗ်အနေဖြင့်လည်း ၎င်းတို့အနေဖြင့် တန်ပြန်စစ်ဆင်ရေးကိုစတင်အရှိန်မြှင့်ပြီဖြစ်ကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည့်အပေါ်ပူတင်က “တန်ပြန်စစ်စတာတော့ဟုတ်ပါပြီ၊ဘယ်လိုအဆုံးသတ်မလဲကြည့်ကြတာပေါ့” ဟုတုံ့ပြန်ပြောဆိုခဲ့သည်။

ပူတင်၏ယခုမှတ်ချက်သည် လွန်ခဲ့သည့် တစ်ပတ်က ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှရုရှားတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားရခြင်းနှင့်ပတ်သက်၍ ပြင်းထန်သောလူထုဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည့်နောက်ပိုင်း ၎င်း၏ပထမဆုံးသော မှတ်ချက်ပေးခြင်းလည်း ဖြစ်သည်။

ရေလှောင်တမံနှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအပါအဝင် ယူကရိန်း၏အခြေခံအဆောက်အဦများကို ရုရှားကတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပူတင်ကပြောကြားခဲ့သည်။

“မကြာသေးခင်က ရုရှားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ထိရှလွယ်တဲ့တိုက်ခိုက်မှု အချို့ပြုလုပ်ခံခဲ့ပြီး အဲ့ဒါတွေကို သတိပေးချက် တစ်ခုလို့ပဲယူဆလိုက်ပါမယ်၊ အခြေအနေတွေက ဒီထက်ဆက်ပြီးတိုးလာခဲ့ရင်တော့ တုံ့ပြန်မှုပိုပြင်းထန်လာပါလိမ့်မယ်” ဟု၎င်းကဆိုခဲ့သည်။

ရုရှားသည် ယူကရိန်း၏ နယ်မြေသစ်များကိုလည်းတဖြည်းဖြည်း သိမ်းပိုက်နေပြီဟု ပူတင်ကပြောကြားခဲ့သည်။၎င်းက အထူးစစ်ရေးဟုခေါ်သော ယခုစစ်ဆင်ရေးအား ပြင်ဆင်ရန်လိုအပ်ပါသလားဟုမေးသောအခါ ယခုအစီအစဉ်ကချိန်ညှိစရာအ‌ကြောင်းမရှိဟုဆိုပြီး အရေးကြီးဆုံးမှာ Donbas ဒေသတစ်ခုလုံးလွတ်မြောက်ရေးဖြစ်သည်ဟုဆိုခဲ့သည်။ 

Donbas တွင် ယူကရိန်းအရှေ့ပိုင်းမှရုရှစကားပြောသော ပြည်နယ်နှစ်ခုပါ၀င်ပြီး ယခုအခါ ရုရှားနှင့်ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသည်။ထို့ပြင် ၎င်းတို့ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည့် Donetsk ဒေသတို့ဖြစ်သည်။

သို့သော်လည်း ယခုအခါရုရှားသည် ယူကရိန်းပိုင်နက်၏ငါးပုံတစ်ပုံခန့်ကိုသိမ်းထားနိုင်ပြီး ယင်းတို့အနက် တောင်ဘက်ပိုင်းမှ ဇာပိုရီရှီအာ၊Kherson ဒေသများနှင့် ၂၀၁၄ ခုနှစ်ကတည်းကသိမ်းယူထားပြီး ရုရှားပိုင်နက်အဖြစ်ယူဆထားသည့် ခရိုင်းမီးယားလည်းအပါအဝင်ဖြစ်သည်။

Source -Reuters/nh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071