Home News Local News တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီး လောင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ

တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီး လောင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ

0
38

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်သွားကားလမ်းရှိ စားဆသာက်ဆိုင်တစ်ဆိုင်တွင် မီး လောင်မှုဖြစ်ပွား၍ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း၊ မင်းမိ သားစု၊ မြို့နယ်စည်ပင်တို့မှ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် စားသောက်ဆိုင်မှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်း ရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Photo-တိုက်ကြီးမီးသတ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here