Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsတိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့်...

တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင်အမျိုးသားနှစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာသေဆုံးသွားတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၂နာရီ မိနစ်၃၀ ခန့် တိုက်ကြီးမြို့နယ် ဖိုးခေါင်၊ မီးသွေးကျင်းကျေးရွာ၊ ဥတို- အဖျောက်ကားလမ်း၊ ဒုံဗျိုက်တံတားအနီး အမျိုးသားနှစ်ဦးပစ်သတ်ခံရကြောင်းသိရသည်။

“ပစ်ခတ်ခံရတာက အင်းတရာကျေးရွာသားတွေဗျ ဆိုင်ကယ်နဲ့သွားရင်းလမ်းမှပစ်သတ်ခံရတာ ရဲတွေရော စစ်သားတွေရောရောက်လာပြီး စစ်ဆေးနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်သတ်ခံရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

အင်းတရာရွာနေအဆိုပါအမျိုးသား၂ဦးမှာတိုက်ကြီးမြို့နယ်မှအင်းတရာကျေးရွာသို့ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ဒုံဗျိုက်တံတား အနီးတွင် အမည်မသိလက်နက်ကိုင်များကသေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးမှာ ဝဲ/ယာခါး၊ ယာလက်ပြင်တို့တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီတို့ဖြင့်လည်းကောင်း၊ ကျန်တစ်ဦးမှာ ကျောကုန်း၊ ယာတင်ပါးဆုံ တို့တွင်ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီတို့ဖြင့်အခင်းဖြစ်ရာတွင် သေဆုံးခဲ့​တယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။

Zaw Gyi








Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071