Monday, May 19, 2025

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ...

အင်ဒိုနီးရှား ရွှေသတ္ထု့မိုင်း မြေပြို၊ လူ...

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌ေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို...

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀...

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke...

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက...
HomeInternationalတိရစ္ဆာန်များအား ဟောင်ကောင်သို့ခိုးသွင်းရန်ကြိုးပမ်းခဲ့သည့် ရာဇ၀တ်ဂိုဏ်းအား...

တိရစ္ဆာန်များအား ဟောင်ကောင်သို့ခိုးသွင်းရန်ကြိုးပမ်းခဲ့သည့် ရာဇ၀တ်ဂိုဏ်းအား သြစတြေးလျရဲတပ်ဖွဲ့ဖမ်းဆီး

ဆစ်ဒ်နီ၊ဇန်နဝါရီ ၈

သြစတြေးလျအခြေစိုက် ရာဇ၀တ်ဂိုဏ်းတစ်ခုသည် ဒေါ်လာ ၈၀၀,၀၀၀ ကျော်တန်ဖိုးရှိ တွားသွားသတ္တဝါများ ရောင်းဝယ်ဖောက်ကားမှုအားပြုလုပ်ခဲ့‌ကြောင်းသိရသည်။

၎င်းတို့သည်ရာနှင့်ချီသော တွားသွားသတ္တဝါများအားဟောင်ကောင်သို့ ခိုးသွင်းရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဩစတြေးလျရဲတပ်ဖွဲ့က တနင်္လာနေ့ (ဇန်နဝါရီ ၈ ရက်)တွင်ပြောကြားခဲ့သည်။

တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်စက်တင်ဘာလက ပုတ်သင်ညို ၅၉ ကောင်ပါဝင်သည့် အထုပ် ၉ ထုပ်အား ဖမ်းဆီးရမိပြီးနောက် အဆိုပါတိရစ္ဆာန်ရောင်းဝယ်ရေးဂိုဏ်းအား စုံစမ်းနေခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် ၎င်းတို့သည် ဆစ်ဒ်နီတခွင်ရှိ နေရာအများအပြား၌ ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ မြွေအနည်းငယ်နှင့် မပေါက်သေးသည့်ဥများအား ရှာတွေ့ခဲ့သည့်အပြင် ဖွတ်အကောင်ရေ ၂၅၀ ကျော်ကိုပါရှာဖွေတွေ့ရှိခဲ့သည်ဟုလည်းဆိုသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဖွတ်၊ပုတက်နှင့်ကင်းလိပ်ချောစသည့် တွားသွားသတ္တဝါလေးများအား ၎င်းတို့ရှာတွေ့ချိန်၌ ဘူးသေးသေးထဲတွင် ကျပ်ကျပ်သပ်သပ်ထည့်ထားခြင်းမျိုးဖြစ်သဖြင့် တိရစ္ဆာန်လေးများ၏အခြေအနေမှာဆိုးရွားနေခဲ့သည်ဟုလည်းသိရသည်။

မှောင်ခိုဈေးကွက်တွင်မူ ပုတ်သင်တစ်ကောင်၏တန်ဖိုးသည် ဩစတြေးလျဒေါ်လာ ၅,၀၀၀ (ကန်ဒေါ်လာ ၃,၃၆၀) ခန့်အထိပေါက်ဈေးရှိပြီး ယခုဖမ်းဆီးရရှိသည့် သတ္တဝါများ၏တန်ဖိုးမှာ ဩစတြေးလျ‌ဒေါ်လာ ၁ ဒသမ ၂ သန်းအထိရှိသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က် ၁ ဦး‌ေ-သဆုံး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမအတိုင်း မောင်းနှင်လာသည့် ကန်တာကားသည် အောင်ဇေယျကြိုးတံတားအဆင်းအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ.မ.က (၁၁)ကျောင်းအနီး မှတ်တိုင်တွင်ရပ်ထားသော YBS ကားနှင့် ဆိုင်ကယ်တို့အား ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါလာသော ကလေးငယ်တို့အား အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း...

အင်ဒိုနီးရှား ရွှေသတ္ထု့မိုင်း မြေပြို၊ လူ ခြောက်ဦး‌ေ-သ၊ ၁၄ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌ေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ရပ်နားလိုက်ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ပါပူးဝါးပြည်နယ် အာဖက်ခ်တောင်တန်းရှိ ဒေသခံများလုပ်ကိုင်ကြသည့် မိုင်းငယ်တစ်ခုတွင် မြေပြိုခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးလျှော့ချရေးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ပြောဆိုသည်။ မိုင်းလုပ်သားများအသုံးပြုသည့် ယာယီတဲများမြေမြုပ်သွားခဲ့ရသည့် သဘာဝဘေးဒဏ်ကြုံခဲ့ပြီးနောက် ပျောက်ဆုံးလျက်ရှိသူများကို အာဏာပိုင်များက အင်္ဂါနေ့တွင် တကျော့ပြန်ရှာဖွေမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ လမ်းများနှင့် တောင်ပေါ်လမ်းကြောင်းများ ပျက်စီးနေခြင်းနှင့်...

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀ လေးစား–ဝမ်ယိ

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကို ပြောကြားလိုက်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုတွင်လည်း ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပေကျင်းက အပြင်းအထန် ရှုတ်ချခဲ့သော ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ်၏ ကိုပင်ဟေဂင် ခရီးစဉ်အပြီး ရက်ပိုင်းအကြာတွင် ဝမ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071