Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsတာချီလိတ် - မယ်ဆိုင်...

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား (၁)ကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု သတင်း ထွက်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင်တံတားကို ကိုဗစ်ကာကွယ်‌ရေးအစီအမံများဖြင့် ပိတ်ထားခြင်းဖြစ်ကာ ယခုပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည်မှာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ အတိအကျ သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

“တံတားကဘယ်နေ့မှပြန်ဖွင့်မယ်ဆိုတာတော့မသိဘူး မယ်ဆိုင်ဘက်ခြမ်းမှာတော့ နယ်စပ်ဝင်ထွက်တာနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာရုံးတွေ တံတားပေါ်တွေကို သန့်ရှင်းရေးခနခနလုပ်နေတာတွေ့တယ် မြန်မာနိုင်ငံဘက်ကတော့ လတ်တလောဒီအတိုင်းပဲရှိသေးတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

” ၂၂ ရက်နေ့ ပြန်ဖွင့်မယ်လိုတော့ ကြားတယ်။ ဟိုဖက်အခြမ်းကတော့ ပြင်ဆင်မှုတွေ လုပ်နေပြီ။ ဒီဖက်ကတော့ ဘာမှလုပ်တာ မတွေ့ရသေးဘူး” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁) အား ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကပင် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ ဆုံကာ ညှိနှိင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်က ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံသို အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုပြန်လည်ပြုလုပ်နိုင်ရန်နှင့်ခရီးသွားများဝင်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာပေးပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားဖွင့်ဖို့ ကို ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက စာပို့ထားတယ်လို့ကြားတာပဲ ၂၂ ရက်နေ့လောက်ကိုပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်လို့လည်း သိထားတယ် ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာတော့ မသိဘူး မြန်မာနိုင်ငံဘက်ကတော့ ဌာနဆိုင်ရာတွေကလည်း တံတားပြန်ဖွင့်ဖို့ ကိစ္စကိုဘာမှမပြောသေးဘူး သန့်ရှင်းရေးလုပ်တာလည်း မတွေ့ရသေးဘူး”ဟု တာချီလိတ် မြို့
ခံတစ်ဦးကပြောသည်။

(၃) နှစ်ကြာ ပိတ်ထားသည့် ထိုင်း – မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားများထဲမှ မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ယမန်နေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည့်အတွက် တာချီလိတ် – မယ်ဆိုင် တံတားကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေခြင်းလည်း ဖြစ်သည်။

” ဖွင့်လိမ့်မယ်လိုတော့ ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မြဝတီဖက်လောက်လည်း အခြေအနေမဆိုးဘူးလေ။ ထိုင်းကလည်း ခရီးသွား လုပ်ငန်းကို တအား လုပ်နေတာဆိုတော့ အဆင်ပြေအောင် ညှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒေသခံတွေကတော့ ပြန်ဖွင့်စေချင်တာပေါ့ ” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

ယခင် တံတားဖွင့်လှစ်စဉ်က နှစ်နိုင်ငံ နယ်စပ်ဖြစ်ကျော်ခွင့်အနေဖြင့် တစ်ပတ်ခံ Border Pass ဖြင့် မယ်ဆိုင် ဧရိယာအတွင်းသို့ သွားရောက်လည်ပတ်နိုင်ပြီး ယခု ပြန်လည် ဖွင့်လှစ်မည်ဆိုပါက မည်သည့် စည်းကမ်းချက်များ သတ်မှတ်မည်ကို မသိရှိရသေးကြောင်းလည်း ဒေသခံများက ဆိုသည်။

ယမန်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားတွင် နယ်စပ်ဖြတ်ကျော်ခွင့်အနေဖြင့် မြန်မာနိုင်ငံသားများမှာ မဲဆောက် ဧရိယာအတွင်း နံနက် (၆) နာရီမှ ည (၆) နာရီအထိ သွားလာနိုင်မည်ဖြစ်ပြီးထိုင်းနိုင်ငံဖက်ခြမ်းမှ လာရောက်မည့်သူများမှာ မြဝတီ ဧရိယာအတွင်း ည‌(၆) နာရီအထိ နေထိုင်ခွင့်ပြုထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသ ည်။

ထိုင်းနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် တာချီလိတ်မြို့ခံများက ဆန္ဒရှိနေကြောင်း သိရသည်။

Photo -CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071