Friday, May 16, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeNewsLocal Newsတာချီလိတ် - မယ်ဆိုင်...

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား (၁)ကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု သတင်း ထွက်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင်တံတားကို ကိုဗစ်ကာကွယ်‌ရေးအစီအမံများဖြင့် ပိတ်ထားခြင်းဖြစ်ကာ ယခုပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည်မှာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ အတိအကျ သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

“တံတားကဘယ်နေ့မှပြန်ဖွင့်မယ်ဆိုတာတော့မသိဘူး မယ်ဆိုင်ဘက်ခြမ်းမှာတော့ နယ်စပ်ဝင်ထွက်တာနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာရုံးတွေ တံတားပေါ်တွေကို သန့်ရှင်းရေးခနခနလုပ်နေတာတွေ့တယ် မြန်မာနိုင်ငံဘက်ကတော့ လတ်တလောဒီအတိုင်းပဲရှိသေးတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

” ၂၂ ရက်နေ့ ပြန်ဖွင့်မယ်လိုတော့ ကြားတယ်။ ဟိုဖက်အခြမ်းကတော့ ပြင်ဆင်မှုတွေ လုပ်နေပြီ။ ဒီဖက်ကတော့ ဘာမှလုပ်တာ မတွေ့ရသေးဘူး” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁) အား ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကပင် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ ဆုံကာ ညှိနှိင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်က ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံသို အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုပြန်လည်ပြုလုပ်နိုင်ရန်နှင့်ခရီးသွားများဝင်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာပေးပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားဖွင့်ဖို့ ကို ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက စာပို့ထားတယ်လို့ကြားတာပဲ ၂၂ ရက်နေ့လောက်ကိုပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်လို့လည်း သိထားတယ် ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာတော့ မသိဘူး မြန်မာနိုင်ငံဘက်ကတော့ ဌာနဆိုင်ရာတွေကလည်း တံတားပြန်ဖွင့်ဖို့ ကိစ္စကိုဘာမှမပြောသေးဘူး သန့်ရှင်းရေးလုပ်တာလည်း မတွေ့ရသေးဘူး”ဟု တာချီလိတ် မြို့
ခံတစ်ဦးကပြောသည်။

(၃) နှစ်ကြာ ပိတ်ထားသည့် ထိုင်း – မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားများထဲမှ မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ယမန်နေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည့်အတွက် တာချီလိတ် – မယ်ဆိုင် တံတားကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေခြင်းလည်း ဖြစ်သည်။

” ဖွင့်လိမ့်မယ်လိုတော့ ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မြဝတီဖက်လောက်လည်း အခြေအနေမဆိုးဘူးလေ။ ထိုင်းကလည်း ခရီးသွား လုပ်ငန်းကို တအား လုပ်နေတာဆိုတော့ အဆင်ပြေအောင် ညှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒေသခံတွေကတော့ ပြန်ဖွင့်စေချင်တာပေါ့ ” ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

ယခင် တံတားဖွင့်လှစ်စဉ်က နှစ်နိုင်ငံ နယ်စပ်ဖြစ်ကျော်ခွင့်အနေဖြင့် တစ်ပတ်ခံ Border Pass ဖြင့် မယ်ဆိုင် ဧရိယာအတွင်းသို့ သွားရောက်လည်ပတ်နိုင်ပြီး ယခု ပြန်လည် ဖွင့်လှစ်မည်ဆိုပါက မည်သည့် စည်းကမ်းချက်များ သတ်မှတ်မည်ကို မသိရှိရသေးကြောင်းလည်း ဒေသခံများက ဆိုသည်။

ယမန်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားတွင် နယ်စပ်ဖြတ်ကျော်ခွင့်အနေဖြင့် မြန်မာနိုင်ငံသားများမှာ မဲဆောက် ဧရိယာအတွင်း နံနက် (၆) နာရီမှ ည (၆) နာရီအထိ သွားလာနိုင်မည်ဖြစ်ပြီးထိုင်းနိုင်ငံဖက်ခြမ်းမှ လာရောက်မည့်သူများမှာ မြဝတီ ဧရိယာအတွင်း ည‌(၆) နာရီအထိ နေထိုင်ခွင့်ပြုထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသ ည်။

ထိုင်းနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် တာချီလိတ်မြို့ခံများက ဆန္ဒရှိနေကြောင်း သိရသည်။

Photo -CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား ၁၄ ဦး ရဲထံ အဖမ်းခံ

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည်...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈ ရက်တွင် လယ်ယာမြေ(၄၅၂)ဧကကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်‌ေ-သရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်ခဲ့၍ စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်လည်ပြင်ဆင်မှုများအား နေ့/ညမပျက်ဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၁၇ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး(၂၂၇၉)ဧကကို ရာနှုန်းပြည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071