တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလိုဟျင်း ပြည်နယ်ရှိ ဟာပင်း နည်းပညာတက္ကသိုလ် (HIT) တွင် ဖွင့်လှစ်သည့်
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ပထမဆုံး ပူးတွဲပါရဂူဘွဲ့သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ပထမဆုံး ပူးတွဲပါရဂူဘွဲ့ သင်တန်းသူ၊ သင်တန်းသား မောင်မယ်သစ်လွင် ၁၂၀ ကို ကြိုဆိုခဲ့သည်။
ကျောင်းသားများမှာ HIT၊ ပေကျင်းတက္ကသိုလ်နှင့် တရုတ်နိုင်ငံရှိ Tsinghua တက္ကသိုလ်၊ ရုရှားနိုင်ငံရှိ စိန့်ပီတာစဘတ်ပြည်နယ်တက္ကသိုလ်၊ Kyrgyz State Technical University နှင့် Belarusian National Technical University တို့အပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားများပါဝင်သည်။
China-SCO Doctoral Training Innovation Center သည် ပါရမီရှင်သင်တန်းသားများကို ပညာရပ်မျိုးစုံ၊ နိုင်ငံပေါင်းစုံ သုတေသနစွမ်းရည်များဖြင့် အရည်အချင်းများကို ပြုစုပျိုးထောင်ပေးရန်နှင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားသည်။
SCO ၏ ဒုတိယအတွင်းရေးမှူးချုပ် Batir Tursunov က” စင်တာသည် ပညာရေးပေါင်းစည်းမှု မှတ်တိုင်တစ်ခု၊ ပါရမီရှင်များကို ပျိုးထောင်ပေးမှုကိုမြှင့်တင်ရေး၊ စက်မှုလုပ်ငန်း၊ ပညာရပ်ဆိုင်ရာနှင့် သုတေသနလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်လာစေရေးနှင့် နိုင်ငံအဆင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
“စင်တာသည်SCO မူဘောင်အောက်တွင် သိပ္ပံနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွင် အသစ်သော တွန်းအားများ အားဖြည့်သွားမည်” ဟုလည်း သူက ပြောကြားခဲ့သည်။
HIT ပါတီ အတွင်းရေးမှုး ချန်ဂျီ ကလည်း “AI၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆန်းသစ်တီထွင်မှုကို အဓိကထားလုပ်ဆောင်မည်။ သိပ္ပံ၊ နည်းပညာ နှင့် သမ်ိုင်း၊ ဒဿနိက၊ ဘာသာစကား၊ စာပေ၊ ဘာသာရေး စသော လူသားများ နှင့် ပတ်သက်သော ဘာသာရပ်များတွင် ဉာဏ်ရည်မြင့်မားသော၊ ကမ္ဘာနှင့် ချီ၍ စဉ်းစားတတ်သော ပညာရပ်နယ်ပယ်ပေါင်းစုံမှ လူငယ်များကို ပေါင်းစည်းပေးရန် ရည်ရွယ်ထားကြောင်း” ပြောကြားခဲ့သည်။
Source: ရှင်းဟွာ
Photo- HIT တွင် ၂၀၂၅ စာသင်နှစ်အတွက်မောင်မယ်သစ်လွင်ကြိုဆိုခဲ့ပုံများ
