သံအမတ်၏နှလုံးသားထဲတွင် မြန်မာနှင့်ပတ်သက်၍ နှစ်၃၀ အမြစ်တွယ်နေသော ခံစားချက် ဖွင့်ဟ
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သည့် အ နာဂတ်ကို လက်တွဲချီတက်မည်ဟု တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောကြားသည်။
ယနေ့ ဇွန်လ (၁၈) ရက်တွင် ကျင်းပသည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်း အမှတ် “ပေါက် ဖော်နှလုံးသားထဲမှ စကားသံများ” စာအုပ်ထုတ်ဝေခြင်းအခ မ်းအနား၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အလေးထားပြီး၊ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDl)၊ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူ သားယဉ်ကျေးမှုအစီအမံ (GCI)ကိုအတူ အကောင်ထည်ဖော်ကာ တရုတ်မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းကို ပိုမိုနက်ရှိုင်းစွာလက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅) နှစ် မြောက် နှစ်ပတ်လည်ကို စမှတ်သစ်အဖြစ် သတ်မှတ်ပြီး ခေတ်သစ်တွင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက် အဝန်း၏ ထူထောင်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
တရုတ် နှင့် မြန်မာ နှစ်နိုင်ငံအကြား နှလုံးသားချင်း ပိုမိုရင်း နှီးပြီး သံယောဇဉ်ချင်း ပိုမိုနက်နဲကာ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးအား မျိုးဆက်တစ်ခုမှ တစ်ခုသို့လက်ဆင့် ကမ်း၍ ထာဝရတည်တံ့စေချင်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်။
ထိုပွဲတွင် မစ္စမာကျား က လွန်ခဲ့သည့် အနှစ်၃၀ က မြန်မာပြည်တွင်တာဝန်ကျစဉ် အတွေ့အကြုံတစ်ခုကိုပါ မျှဝေသွားခဲ့သေးသည်။
“လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်လောက်က
ကျွန်မလူငယ်အရွယ်မှာ မြန်မာနိုင်ငံ၌ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့တုန်းက ကျွန်မမောင်းတဲ့ကားဟာ နေပူပူကြီးအောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ခဲ့တယ်။
ချွေးတပြိုက်ပြိုက်ကျနေပြီးတော့ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ကျွန်မနဲ့မသိကျွမ်းပဲအနီးအနားက မြန်မာမိတ်ဆွေများဟာ လာရောက်ကူညီ ပေးခဲ့ကြပါတယ်။ အဲ့ဒီထဲက အကိုကြီးတစ်ယောက်ကတစ်မိုင်လောက်ရှိတဲ့ အကွာအဝေးကို အသွားအပြန်ပြေးလွှားပြီး ကားရေတိုင်ကီထဲထည့်ဖို့ ရေသွားသယ်ပေးတဲ့အပြင်နောက်တစ်ယောက်ကလည်း ကားမောင်းပြီး လိုအပ်တဲ့ Shunt resistor ပစ္စည်းကို သွားဝယ်လာပေးခဲ့ပါတယ်။ မြန်မာမိတ်ဆွေများရဲ့ ပူးပေါင်းကူညီမှုကြောင့် ကျွန်မရဲ့ကားက စက်ပြန်နှိုးနိုင်ခဲ့ပါတယ်။ ကျွန်မရယ် ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်များ အကူအညီလိုတဲ့အခါတိုင်း အလားတူဖြစ်ရပ်များ တစ်ကြိမ်ထက်မက ဖြစ်ပွားခဲ့ဖူးပါတယ်။ မြန်မာပြည်သူတွေရဲ့ ရိုးသားဖြူစင်မှုနဲ့ ကြင်နာနွေးထွေးမှုများဟာမျိုးစေ့ပမာ အမြစ်တွယ်ခဲ့ပါတယ်။
နှစ်ပေါင်း ၃ဝ ကြာပြီးနောက် ကျွန်မက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအနေနဲ့ဒီသာယာလှပတဲ့ မြေပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာ့နယ်ပယ်အသီးသီးမှ လူမှုအဖွဲ့အစည်းများနဲ့ထိတွေ့ဆက်ဆံကူလူးဖလှယ်ခဲ့ပါတယ်။ အထူးသဖြင့် အင်အားကြီး ငလျင်ဖြစ်ပြီးနောက်ပိုင်းမှာ၊ မြန်မာပြည်သူများရဲ့ အကောင်းမြင်စိတ်၊ ဇွဲလုံ့လဝီရိယနဲ့ မတွန့်မဆုတ်ရဲရင့်တဲ့စိတ်ဓာတ်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်းခံစားမိလာခဲ့ပါတယ်။” ဟု သူမ၏ခံစားချက်များကို ပြောကြားသွားသည်။