ရီယိုဒီဂျနေးရိုးလ်၊ဧပြီ ၂၈
အိမ်နီးချင်းသံတမန်ရေးရာ၌ တရုတ်နိုင်ငံအနေဖြင့်တရုတ်-ထိုင်း ဆက်ဆံရေးအား အမြဲတမ်း ဦးစားပေးလုပ်ဆောင်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောကြားခဲ့သည်။
မစ္စတာဝမ်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Maris Sangiampongsa နှင့်တွေ့ဆုံစဉ် ယခုလိုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်မစ္စတာဝမ်က တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီး၌ လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုကိုလုပ်ဆောင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုခိုင်မာစေရန်အတွက် ထိုင်းနိုင်ငံနှင့်လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။
ဘရစ်အဖွဲ့၏ မိတ်ဖက်နိုင်ငံအဖြစ် ထိုင်းနိုင်ငံ၏ ပူးပေါင်းပါဝင်မှုကို တရုတ်နိုင်ငံကကြိုဆိုပြီး ဘရစ် အဖွဲ့၌ ထိုင်းနိုင်ငံ က အပြည့်အဝပါဝင်ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်းထောက်ခံကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ခေတ်မီတိုးတက်လာခြင်းသည် ထိုင်းနိုင်ငံအတွက် ကြီးမားသည့်အခွင့်အလမ်းများကို ဆောင်ကြဉ်းလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံသည် ဘရစ် မိသားစုနှင့်ပူးပေါင်းရန်၊ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဘုံအကျိုးစီးပွားကိုကာကွယ်ပေးရန်မျှော်လင့်မိကြောင်းလည်း Maris ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ