Friday, June 20, 2025

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု...

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ...

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ...

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ...
HomeInternationalတရုတ်သည်သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်‌ကိန်းများကို‌ရေးသည့် စနစ်မသုံးသောAIချစ်ပ်အမြောက်အမြားထုတ်လုပ်

တရုတ်သည်သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်‌ကိန်းများကို‌ရေးသည့် စနစ်မသုံးသောAIချစ်ပ်အမြောက်အမြားထုတ်လုပ်

ဇွန် ၉

တရုတ်နိုင်ငံသည် ၎င်း၏တစ်ဦးတည်းပိုင် ဟိုက်ဘရစ်ကွန်ပြူတာနည်းပညာကို လေကြောင်းနှင့် စက်မှုလုပ်ငန်းစနစ်များအပါအဝင် အရေးပါသောကဏ္ဍများတွင် ပေါင်းစပ်ထည့်သွင်းထားသည့် သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်ကိန်းများကိုရေးသည့်စနစ်ကို မသုံးသော AI ချစ်ပ်များကို ကမ္ဘာ၌ပထမဆုံး အကြိမ်အဖြစ် အများအပြား ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပေကျင်းရှိ Beihang တက္ကသိုလ်မှ ပါမောက္ခ လီဟွန်းဂီ ၏အဖွဲ့က ဦးဆောင်သော ဤအောင်မြင်မှုသည် အမေရိကန် ချစ်ပ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ထိတွေ့မျက်နှာပြင်များနှင့် ပျံသန်းမှုစနစ်များကဲ့သို့ ဉာဏ်ရည်တု ထိန်းချုပ်မှုဆိုင်ရာ အပလီကေးရှင်းများတွင် မကြုံဖူးသော အမှားအယွင်းများကို ရှောင်ရှားခြင်းဖြင့် ရိုးရာကွန်ပြူတာနည်းပညာများ၏ အခြေခံအတားအဆီးများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ယနေ့ခေတ် ချစ်ပ်နည်းပညာများသည် ပါဝါ အခက်အခဲနှင့် ဗိသုကာပိုင်းဆိုင်ရာ အတားအဆီးဟူသော စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်‌နေရကြောင်း လီက ပေကျင်း အခြေစိုက် အစိုးရ သတင်းစာ Guangming Daily ကို ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ပါဝါအခက်အခဲသည် အခြေခံကျသော ဆန့်ကျင်ဘက်တစ်ခုမှ ဖြစ်ပေါ်လာသည် ။ ဘိုင်နရီစနစ်ဟုခေါ်သော သုည နှင့် တစ်ဂဏန်း နှစ်လုံးတည်းဖြင့် ကိန်းများကို ရေးရသောစနစ်သည် သတင်းအချက်အလက်များကို သယ်ဆောင်ရာတွင် ထိရောက်သော်လည်း စွမ်းအင်ပါဝါအများအပြားကို အသုံးပြုရသည်။ ဗိသုကာ အတားအဆီးမှာ ဆီလီကွန်မဟုတ်သော ချစ်ပ်အသစ်များသည် CMOS (သို့မဟုတ်) ဖြည့်စွက်သတ္တုအောက်ဆိုဒ်-တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အခြေခံ၍ ရိုးရာစနစ်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။

လီ၏အဖွဲ့သည် ၂၀၂၂ ခုနှစ်ကတည်းက အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ၎င်းတို့၏အောင်မြင်မှုများသည် ဒွိနံပါတ်(ဘိုင်နရီ)များကို ရိုးရာ(stochastic) သို့မဟုတ် ဖြစ်နိုင်ခြေရှိသောအခြေခံနံပါတ်များနှင့် ပေါင်းစပ်ထားသည့် ဂဏန်းစနစ်အသစ် – Hybrid Stochastic Number (HSN) ၏ အဆိုပြုချက်နှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယနေ့ခေတ်တွက်ချက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သော ဘိုင်နရီ လော့ဂျစ်သည်ကိန်းမှန်သမျှကို ၀ နှင့် ၁ တို့ကို သာ အသုံးပြု၍ ကိန်းများကို ကိုယ်စားပြု ရေးသားပြီး တိကျသောဂဏန်းသင်္ချာ တွက်ချက်မှုများကို အသုံးပြုထားသည်။ သို့သော်၊ ပမာဏကြီးမားသောဘိုင်နရီ စနစ်တွက်ချက်မှုများသည် ကျယ်ပြန့်သော ကွန်ပျူတာဆိုင်ရာ ဟာ့ဒ်ဝဲအရင်းအမြစ်ပစ္စည်းများ ကို လိုအပ်သည်။

ဖြစ်တန်စွမ်းသီအိုရီကို သုံး၍တွက်ချက်သောကွန်ပြူတာသည် တန်ဖိုးများကို ကိုယ်စားပြုရန်အတွက် သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း “အဆင့်မြင့်” ဗို့အားလှိုင်းများ၏ ကြိမ်နှုန်းကို အသုံးချပြီး ကွန်ပျူတာဟာ့ဒ်ဝဲသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ၎င်းကို ရုပ်ပုံပြင်ဆင်ခြင်း(image processing)၊ အာရုံကြောကွန်ရက်များ(Neural Networks) နှင့် နက်ရှိုင်းစွာသင်ယူခြင်း(deep learning)ကဲ့သို့သော နယ်ပယ်များတွင် အသုံးပြုနှင့်ထားပြီးဖြစ်သည်။ သို့သော် ကွန်ပျူတာသည် ၎င်း၏ ကြိမ်နှုန်းအခြေခံတန်ဖိုးများကို ကိုယ်စားပြုခြင်းကြောင့် တွက်ချက်မှုတွင် ကာလကြာရှည်စွာ နှောင့်နှေးမှုပြသာနာများကို ကြုံတွေ့နေရသည်။

ယင်းပြသာနာကိုဖြေရှင်းရန်အတွက် လီ၏အဖွဲ့သည် stochastic logic ၏ထိရောက်သော စွမ်းဆောင်ရည် နှင့်အတူ ဒွိစနစ် (binary) တွက်ချက်ခြင်း၏အမြန်နှုန်းကိုပေါင်းစပ်ထားသည့် hybrid probabilistic logic ကိုမိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။

ဤအယူအဆကိုအခြေခံ၍ လီ၏အဖွဲ့သည် ထိတွေ့မှုနှင့် မျက်နှာပြင်အတွက် စမတ်ချစ်ပ်တစ်ခုကို ထိပ်တန်းတရုတ်ချစ်ပ်ထုတ်လုပ်သူ Semiconductor Manufacturing International Corporation ၏ ဆန်းသစ်သော ၁၁၀ နာနိုမီတာ(110-nanometer) လုပ်ငန်းစဉ်နည်းပညာကို အသုံးပြု၍ ၂၀၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။

ပရောဂျက်ရလဒ်များကို IEEE Journal of Solid-State Circuits တွင် လွန်ခဲ့သောနှစ်နှစ်က ထုတ်ဝေခဲ့သည်။ ၎င်းတို့အဖွဲ့သည် ၂၈နာနိုမီတာ (28nm CMOS) လုပ်ငန်းစဉ်ကို အသုံးပြု၍ ဖန်တီးထားသည့် စက်သင်ယူမှုအတွက် အထူးစွမ်းဆောင်ရည်မြင့်ချပ်စ်ကို အ‌မြောက်အမြားထုတ်လုပ် ခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် Microelectronics ဂျာနယ်တွင် ဖော်ပြထားသော ရလဒ်များအရ သိရသည်။

Guangming Daily ၏ အဆိုအရ ဤသုတေသနသည် ဒွိစနစ်(binary)၊ ရိုးရာ stochastic နှင့် hybrid stochastic ဂဏန်းစနစ်များ၏ ပထမဆုံး ပေါင်းစည်းခြင်းဖြစ်ပြီး တစ်ခုချင်းစီ၏ သင်္ချာဆိုင်ရာ ကိုယ်စားပြုမှုများနှင့် အမှားအယွင်းခံနိုင်ရည်ရှိမှု၊ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိမှုနှင့် စွမ်းအင်ထိရောက်မှုတို့တွင် ၎င်းတို့၏ ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်း စသည့်အချက်များကို ဆန်းစစ်သုံးသပ်နိုင်ခဲ့သည်။

၎င်းသည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော ပေါင်းစပ်ချစ်ပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော သီအိုရီအခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။

HSN အပြင် ချစ်ပ်သည် သမားရိုးကျ ဗိသုကာလက်ရာများတွင် မှတ်ဉာဏ်နှင့် ပရိုဆက်ဆာများကြားတွင် စွမ်းအင်အသုံးများသော ဒေတာများ ပိတ်ဆို့ခြင်းကို လျှော့ချပေးသည့် မူလတွက်ချက်မှု အယ်လ်ဂိုရစ်သန် (in-memory computing algorithms) ပါဝင်ပါသည်။

၎င်းတွင် အလုပ်များစွာကို အပြိုင်ကိုင်တွယ်ရန်၊ သမားရိုးကျ တစ်သားတည်းဖြစ်နေသော ဗိသုကာလက်ရာများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်ကာ လုပ်ငန်းမျိုးစုံကို အပြိုင်ကိုင်တွယ်ရန် ကွန်ပြူတာယူနစ်စနစ်အမျိုးမျိုးကို ပေါင်းစပ်ထားသည့် စနစ်-on-chip (SoC) ဒီဇိုင်းလည်း ပါရှိသည်။

အားနည်းသောအချက်ပြမှုများကို သိရှိနိုင်စေရန်နှင့် အသုံးပြုသူ အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် ဆူညံသံများကို စစ်ထုတ်သည့် ထိတွေ့အသိအမှတ်ပြုမှုအပါအဝင် အသိဉာဏ်ရှိသော ထိန်းချုပ်မှုအခြေအနေများတွင် ချစ်ပ်ကို အသုံးပြုထားသည်။

စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန် တိကျသော၊ စွမ်းအင်ပါဝါနည်းပါးသော ဒေတာစီမံဆောင်ရွက်ပေးမှုကို လုပ်ဆောင်နိုင်သည့် ပြသမှုများတွင် ၎င်းကို အသုံးပြုထားပြီး တိကျပြီး တည်ငြိမ်သော လေကြောင်းလမ်းညွှန်မှုအတွက် ခိုင်မာသော တွက်ချက်မှုဆိုင်ရာပံ့ပိုးမှုပေးသည့် ပျံသန်းခြင်းထိန်းချုပ်မှုစနစ်များကိုလည်း အသုံးပြုထားသည်။

လီ၏အဖွဲ့သည် ပေါင်းစပ်ဖြစ်နိုင်ချေရှိသော ကွန်ပျူတာအတွက် အံဝင်ခွင်ကျဖြစ်စေမည့် သီးသန့် ညွှန်ကြားချက် ဗိသုကာ (ISA) နှင့် microarchitecture ကို လုပ်ဆောင်နေကြောင်း လီက Guangming Daily သို့ ပြောကြားခဲ့သည်။ ၎င်းတို့သည် ချစ်ပ်၏စွမ်းဆောင်ရည်များကို တိုးတက်ခြင်းနှင့် ရုပ်ပုံလုပ်ဆောင်ခြင်း၊ ဉာဏ်ရည်တုနည်းပညာကြီးမားသောမော်ဒယ်အရှိန်မြှင့်ခြင်းနှင့် အခြားရှုပ်ထွေး သော ကွန်ပျူတာလုပ်ဆောင်ခြင်းများအတွက် ရည်ရွယ်သည်။

“လက်ရှိ ချစ်ပ်သည် မိုက်ခရိုစက္ကန့် (microsecond) အဆင့်တွင် on-chip computing latency ကိုရရှိထားပြီးဖြစ်ပြီး၊ စွမ်းဆောင်ရည်မြင့် ဟတ်ဝဲအရှိန်မြင့်တင်ခြင်း (hardware acceleration) နှင့် ဆော့ဖ်ဝဲပြောင်းလွယ်ပြင်လွယ်ခြင်း (flexible software programmability) အကြားတွင် ချိန်ညှိ လုပ်ဆောင်နိုင်သည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။ မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခို-က်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။ ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု အစ္စရေးဆို

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ တပ်ဆင်ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်နှင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတို့က ပြောကြားခဲ့သည်။ ၎င်းသည် ခုနစ်ရက်ကြာ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သောကလပ်စတာဗုံးတပ် ဒုံးကျည်ကို ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသည်။ "ဒီနေ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးလ်နိုင်ငံက လူဦးရေထူထပ်တဲ့ အရပ်သားနေထိုင်ရာဒေသတစ်ခုကို အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်တဲ့ ကလပ်စတာဗုံးတပ် ဒုံးကျည်တစ်စင်းနဲ့ ပ-စ်ခ-တ်ခဲ့ပါတယ်" ဟု ရိုက်တာသတင်းဌာနသို့ သံရုံးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071