ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။
အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။
