Monday, May 19, 2025

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...
HomeInternationalတရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။

“ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။

ယခုအချိန်တွင် Kling သည် ဗီဒီယိုကလစ်ပေါင်း (၁၆၈) သန်းနှင့် ရုပ်ပုံပေါင်း (၃၄၄) သန်းကို ဖန်တီးထားပြီး ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူ (၂၂) သန်းကျော်ရှိကြောင်း ဂိုင်က ပြောကြားထားသည်။

တစ်တော့ ပိုင်ရှင် ဘိုက်ဒန့်စ် နှင့် အလီဘာဘာဂရု တို့ကဲ့သို့သော ကုမ္ပဏီများက ဗီဒီယိုဖန်တီမှုများလုပ်ခဲ့ရာ တရုတ်ကုမ္ပဏီများသည်လည်း Open AI ၏ Sora နှင့် Google DeepMind’s Veo 2 ကို အာရုံစိုက်လာခဲ့သည်။ AI ဗီဒီယိုဖန်တီးမှု ကိရိယာများတွင် တိုးတက်မှုအသစ်များကို အပြေးအလွှားလုပ်ဆောင်နေသော တရုတ်နည်းပညာကြီး ကုမ္ပဏီများအုပ်စုတွင် Kuaishou နည်းပညာကုမ္ပဏီသည်လည်း ပါဝင်သည်။ အလီဘာဘာသည် South China Morning Post ကို ပိုင်ဆိုင်သည်။

အဆင့်မြှင့်ထားသော မိုဒယ်အသစ်သည် ညွှန်ကြားချက်ကို လိုက်နာခြင်း၊ အချက်ပေးနားလည်မှု၊ ရုပ်ပုံနှင့် လှုပ်ရှားမှု အရည်အသွေးတို့အပြင် ထုတ်လုပ်ထားသော ဗီဒီယိုကလစ်များ၏ လက်တွေ့ကျပြီး လှပ၍သဘာဝဆန်သော ခံစားမှုတို့ကဲ့သို့သော နယ်ပယ်များတွင် တိုးတက်မှုများစွာ ပြုလုပ်ခဲ့သည်ဟု ဂိုင် က ပြောကြားခဲ့သည်။

Kuaishou သည် ယမန်နှစ်ကုန်ပိုင်းတွင် ဗီဒီယိုဖန်တီးသော Kling မိုဒယ်များ၏ နောက်ဆုံးမျိုးဆက်ကို မိတ်ဆက်ပြီးနောက် လအနည်းငယ်အကြာတွင် မိုဒယ်အသစ်ကို ထုတ်ပြခဲ့ခြင်းဖြစ်သည်။

ယခင်မျိုးဆက်မိုဒယ်များသည် လက်ရှိတွင် ကမ္ဘာ့ထိပ်တန်း နံပါတ် ၁ အဖြစ် ရုပ်ပုံမှဗီဒီယိုမိုဒယ် နှင့် ကမ္ဘာ့ နံပါတ် ၂ ဒုတိယအကောင်းဆုံး စာသားမှဗီဒီယိုမိုဒယ်အဖြစ် အဆင့်သတ်မှတ်ခံရပြီး Google ၏ Veo 2 တစ်ခုတည်း၏ နောက်တွင်သာရှိကြောင်းကို ကမ္ဘာတစ်ဝန်း AI မိုဒယ်များကို စမ်းသပ်ပြီး အဆင့်သတ်မှတ်သည့် ပြင်ပကုမ္ပဏီဝန်ဆောင်မှုတစ်ခုဖြစ်သည့် ဉာဏ်ရည်တုနည်းပညာ ဆန်းစစ်မှု ကုမ္ပဏီ Artificial Analysis ၏အဆိုအရ သိရသည်။

Kuaishou သည် Kling AI ၏ ပထမဆုံးဗားရှင်းကို ၂၀၂၄ ခုနှစ်အလယ်ပိုင်းတွင် မိတ်ဆက်ခဲ့ပြီး Open AI ၏ Sora ဗီဒီယိုမိုဒယ်နှင့်ယှဉ်ပြိုင်နိုင်သော တရုတ်နည်းပညာကုမ္ပဏီများအနက် ပထမဆုံးအဖြစ် ပါဝင်လာသူတစ်ခုဖြစ်သည်။ Sora ကို ၂၀၂၄ ဖေဖော်ဝါရီတွင် ပထမဦးဆုံး မိတ်ဆက်ပြသခဲ့သည်။

ဘိုက်ဒန့်စ် နှင့် အလီဘာဘာအပြင် ဆိုရှယ်မီဒီယာတွင် တန်ဆန့်ဟိုင်းဒင်း နှင့် အထူးပြု start-up များဖြစ်သော ဇီပုဉာဏ်ရည်တု AI နှင့် ရှန်ရှု နည်းပညာ ကုမ္ပဏီတို့သည် ဤနယ်ပယ်၏ဈေးကွက်သို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

အခမ်းအနားတွင် Kuaishou သည် အနုပညာရှင်များကို ရုပ်ရှင်အရည်အသွေးဆိုင်ရာ အကြောင်းအရာများဖန်တီးရန် ၎င်း၏ကိရိယာများကို အသုံးပြုရန် ရန်ပုံငွေ နှင့် နည်းပညာပံ့ပိုးပေးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ် NextGen ပရောဂျက်ကိုလည်း ကြေညာခဲ့သည်။

တရုတ် chatbots အများစုကို မည်သူမဆို လွတ်လပ်စွာအခမဲ့ အသုံးပြုနိုင်စေရန် ဖန်တီးထားသော်လည်း သုံးစွဲသူများအတွက် ပိုမိုအဆင့်မြင့်သော လုပ်ဆောင်ချက်များတွင် အခကြေးငွေ ပေးဆောင်ရမည့် freemium ပုံစံဖြင့် AI ဗီဒီယိုကိရိယာများကို လုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071