တရုတ်နိုင်ငံမှ ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် ကျင်းပနေသည့် ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအမျိုးသားလက်ရွေးစင်ဖူဆယ်အသ င်းသည် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
တရုတ်နိုင်ငံမှ CFA TEAM CHINA BEIGUO-RENBAI GROUP SHIJIAZHUANG FUTSAL INTERNATIONAL TO URNAMENT 2025 အဖြစ် လက်ခံကျင်းပနေခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အုပ်စုတွင်းပွဲစဉ်များတွင် နယူဇီလန်အသင်းကို (၃) ဂိုး ဂိုးမရှိဖြ င့်လည်းကောင်း၊ ကမ္ဘောဒီးယားအသင်းကို (၄) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် အင်ဒိုနီးရှားအသင်းကို (၅) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရကာ ရမှတ် (၆) မှတ်ရရှိပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဒိန်းမတ်အသင်းနှင့် စက်တင်ဘာ (၉)ရက် မြန်မာစံတော်ချိန် ညနေ (၃) အချိန်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ကစားသမား (၁၈) ဦး၊ အုပ်ချုပ်နည်းပြ (၆) ဦး ဖြင့် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
