Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeNewsLocal Newsတရုတ်ပြန်ကြားရေးဝန်ကြီး၊ဗီယက်နမ်ပြန်ကြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည့် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း

တရုတ်ပြန်ကြားရေးဝန်ကြီး၊ဗီယက်နမ်ပြန်ကြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည့် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း

ဗီယက်နမ်နိုင်ငံ၊ဒါနန်းမြို့၌ကျင်းပလျက်ရှိသည့် (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတက်ရောက်နေသည့် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် တရုတ်ပြန်ကြားရေးဝန်ကြီး၊ဗီယက်နမ်ပြန်ကြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ၊နိုင်ငံတော်ကောင်စီပြန်ကြားရေးဌာန ဝန်ကြီး Deputy Head of the Publicity Department of the CPC Central Committee ဖြစ်သူ H.E. Mr. Sun Yeli ၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Nguyen Manh Hung တို့နှင့် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ဒါနန်းမြို့ရှိ Furama Resort ၌သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်ပြန်ကြားရေးဌာနဝန်ကြီးနှင့်တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံကြားမဟာဗျူဟာမြောက် ဘက်စုံ၊ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး၊နှစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို တိုးတက်မြင့်မားစေရန် ဆောင်ရွက်နေမှုများတွင် ပြန်ကြားရေးဆိုင်ရာကဏ္ဍပေါင်းစုံ (ရုပ်မြင်သံကြား၊ရေဒီယို၊ ပုံနှိပ်မီဒီယာ၊အွန်လိုင်းမီဒီယာ၊အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ)တွင် လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုများအပြင် ထပ်မံတိုးမြှင့်ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြက် တရုတ်နိုင်ငံသို့ကမ်းလှမ်းထားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်စီမံကိန်းများ၊ တရုတ်နိုင်ငံမှထောက်ပံ့မည့် ယွမ် ၄ ဘီလီယံအောက်စီမံကိန်းများ၊မဲခေါင်လန်ချန်း စီမံကိန်းများ၊အာဆီယံ-တရုတ်ဗဟိုဌာနသို့ ကမ်းလှမ်းထားသည့် စီမံကိန်း၊တရုတ်အကူအညီဖြင့်ဆောင်ရွက်ရန်ကမ်းလှမ်းထားသည့် စီမံကိန်းများနှင့်နှစ်နိုင်ငံကြား ချစ်ကြည်ရေးကိုပိုမိုတိုးမြှင့်ပေးနိုင်မည့် နိုင်ငံတကာအနုပညာဗဟိုဌာန(Art Center) စီမံကိန်းများ၊ရှေးဟောင်းရုပ်ရှင်ရုံကို Red Carpet Theater အဖြစ်ဆောင်ရွက်မည့်စီမံကိန်း၊လူထုအခြေပြုဗဟိုဌာန(Community Centres)စီမံကိန်းများကမ်းလှမ်းထားမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဗီယက်နမ်ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍဖြစ်သည့် သတင်းနှင့်သတင်းအချက်အလက် ဖလှယ်ခြင်း၊ရုပ်မြင်သံကြားနှင့်ရေဒီယိုထုတ်လွှင့်ခြင်း၊ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေခြင်း၊သတင်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်သင်တန်းများဖွင့်လှစ်ခြင်းတို့၌ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071