မြန်မာ – တရုတ်နယ်စပ်ဂိတ်တွင် တရုတ်နှစ်ကူးနီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများဈေးကောင်းရနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးပွဲတော်ရက်ဖြစ်၍ ယင်းကာလမတိုင်မီ ဝယ်လိုအားကောင်းနေသကဲ့သို့ ပုံမှန်အရဆိုလျှင်လည်း ၎င်းတို့ဘက်မှ လိုအပ်ချက်ရှိနေခြင်းကြောင့် အရည်အသွေးကောင်းလျှင် ဈေးကောင်းရခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်ဈေးကွက်တွင် တစ်ကီလိုဈေးနှုန်များအနေဖြင့် အရည်အသွေးကောင်းပါက ၈၅၅ ဖရဲ နှင့် စေ့မဲ့ဖရဲသီးမှာ ၄ ဒသမ ၈ ယွမ်၊ ထိုင်ဝမ်ဖရဲသီးမှာ ၄ ဒသမ ၅ ယွမ် နှင့် စေ့မဲ့ဖရဲသီးမှာ အမြင့်ဈေးရရှိနေပြီး ကားအစီးပြတ်ဆိုလျှင် ယွမ် ၄၀,၀၀၀ မှ ၄၅,၀၀၀ ထိ ရရှိနေပြီး သခွားမွှေးမှာ ၄ ဒသမ ၄ ယွမ်ထိရရှိကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်နယ်စပ်ဂိတ်မှာ ပိတ်ထားဆဲဖြစ်သည့်အတွက် မိုင်းလား – တာလော့ဘက်မှ တင်ပို့နေရပြီး အချိန်ကြာမြင့်မှုနှင့်အတူ သယ်ယူပို့ဆောင်စရိတ်ပိုမိုကုန်ကျနေကြောင်း သိရသည်။
ပုံ- ခွာညိုသစ်သီးပွဲရုံ
